အခန်း(၈၃၉)

490 53 12
                                    

အခန်း(၈၃၉)

ထိန်းသိမ်းနိုင်စွမ်း တစ်အောင်စပင် မရှိနိုင်တော့…..







Han  Yunxi မှာ ညာဘက်သို့ လဲကျသွားသည်နှင့်အမျှ တံတားမှလည်း သူမနောက်သို့ တရွေ့ရွေ့ ယိမ်းနွဲ့သွားသည်။ တံတားတစ်ဖက်မှ လေထဲသို့ ထောင်တက်လာလျှင် ခြေထောက်ချရန် အခွင့်အလမ်းမရှိတော့ပေ။ကံကောင်းထောက်မစွာဖြင့် သူမက လျင်မြန်စွာ တုံ့ပြန်မှုလိုက်နိုင်ပြီး လက်တန်းအား လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ သူမ၏အလေးချိန်ကို တွန်းလှန်လိုက်သည်။ မဟုတ်လျှင် သူမခြေရင်းမှ ပျဉ်များအားဖြတ်ကာ လေထဲတွင် တွဲလောင်းကျနေလိမ့်မည်။

"မင်းသမီး။" Ning Cheng မှ အော်လိုက်လေသည်။

Long Feiye မှာ သူမအား ကူညီလုနီးဖြစ်သွားသော်လည်း Han  Yunxi  မှာ မျက်လုံးများ မှိတ်ထားကာ အော်လိုက်လေသည်။ “ရှင့်ကို လာခွင့်မပေးဘူး။ မဟုတ်ရင် ကျွန်မချက်ချင်းပြန်သွားလိုက်မယ်။ပြီးရင် ဘယ်တော့မှ ပြန်မလာတော့ဘူး။"

ထိုစကားများဖြင့် သူမက မည်သူ့ကို သတိပေးနေသည်လဲ မပြောနိုင်ပေ။ Ning Cheng မှာ သူ့အတွက် ရည်ရွယ်သည့် စကားဟု ယူဆလိုက်သည်။ မင်းသမီးအား အနှောင့်အယှက်ဖြစ်စေမည်အား စိုးရိမ်ကာ ညာလက်မှာ တင်းကျပ်စွာ ဆုတ်ထားရင်း စကားတစ်ခွန်းမှ မဆိုပဲ သည်းခံနေသည်။ Long Feiye မှာလည်း ထိုစကားအား သူ့အတွက်ဟု ယူဆလိုက်လေသည်။ သူက တံတားအား တည်ငြိမ်စေရန် ချီဖြန့်ဝေမှုအား  ရပ်တန့်လိုက်ပြီး စွမ်းအင်များအား မည်သူမှ သတိမပြုမိခင် တိတ်တိတ်ဆိတ်ဆိတ် ပျဲ့ကျဲစေလိုက်သည်။

Han Yunxi ၏ စကားမှာ နှစ်ယောက်စလုံးအတွက် ရည်ရွယ်လေသည်။ အကယ်၍ Ning Cheng မှာ သူမအား ကယ်တင်ရန် လာခဲ့မည်ဆိုလျှင် Long  Feiye  မှ သူတို့နှစ်ဦးစလုံးအတွက် ဤအခွင့်အရေးကို ဖန်တီးပြီးနောက်တွင်ပင် သူမကိုယ်တိုင် တွေ့ဆုံနိုင်မည်မဟုတ်တော့ပေ။ အကယ်၍ Long Feiye မှ သူမအား ကူညီရန် ကြိုးစားခဲ့မည်ဆိုလျှင် သူ၏ အစောပိုင်း အပြုအမူများဖြင့် ဆန့်ကျင်နေကာ Ning Cheng ၏ သံသယအား နှိုးဆွစေနိုင်လိမ့်မည်။  

ယခုအချိန်တွင် သူမက ကိုယ့်ကိုကိုယ်သာ အားကိုးနိုင်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now