အခန်း(၉၅၂)

283 36 10
                                    

အခန်း(၉၅၂)

လုံဖေးယဲ့၏ ထောင်ချောက်။








Xu Donglin ၏နောက်တွင် ပိုင်လီ မျိုးနွယ် ၏အငယ်ဆုံးသမီးဖြစ်သည့် Baili Qiyu ၏ညီမငယ် Baili Mingxiang မှလွဲ၍ အခြားသူ မဟုတ်ပေ။ပထမတွင် သူမက မြို့တော်၌ ကြွယ်ဝ၍ သြဇာရှိသော မိသားစု၏ သမီးတစ်ယောက်ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော လက်တွဲဖော်များမှာ သူမအား လက်ထပ်ရန်မျှော်လင့်ချက်အတွက် သူမ၏ တံခါးများတွင် ရောက်လာကြသော်လည်း သူမက ထိုသူများအနက်မှ တစ်ဦးတစ်ယောက်ကိုမျှ သဘောကျခြင်းမျိုး လုံးဝမရှိခဲ့ပေ။ နောက်ပိုင်းတွင်၊ သူမက Han  Yunxi ၏ အစေခံ​မိန်းကလေးအဖြစ် လုပ်ကိုင်ရန် ချင်ဝမ် အိမ်တော်သို့ တလိုတလား ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင်တော့ ပိုင်လီစစ်တပ်တွင် သူမနှင့် Long Feiye တို့အကြားမှ အချစ်ရေးအကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး စာရင်းများစွာလည်း ပေါ်ပေါက်ခဲ့သည်။ 

Baili Mingxiang မှာ မူလတည်းက ဆိုးသွမ်းသော ရည်ရွယ်ချက်များအား ဖုံးကွယ်ထားပြီး Long Feiye နှင့် နီးကပ်စေရန် တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် ချင်ဝမ်အိမ်တော်တွင် အစေခံ မိန်းကလေး ဖြစ်လာခဲ့ကြောင်း အချို့က ပြောကြသည်။ Han Yunxi နှင့် Long Feiye မှ ကွဲသွားကြပြီးနောက် သူမက မြင့်မားသောရာထူးအား ဆက်ခံခဲ့သည်။ Long Feiye မှာ Baili Mingxiang အပေါ်တွင် မူလတည်းက ခံစားချက်ရှိခဲ့ပြီး သူမအား ချင်ဝမ်အိမ်တော်သို့  ဝင်ရောက်ရန် စီစဉ်ပေးသူဖြစ်သည်။ Long Feiye မှာ ဤတစ်လျှောက်လုံး Han  Yunxi အားအသုံးပြုခဲ့သည်ဟု အချို့မှာ ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ Baili Mingxiang ၏အမည်မှာ ကုန်းမြေကြီးအနှံ့အပြားတွင် ကြာရှည်စွာမှတ်သားဖွယ်ဖြစ်၍ လူသိများလာခဲ့သည့် ကောလာဟလများသည်လည်း အလွန်ကွဲပြားပြီး ရှုပ်ထွေးလာသည်။

သူမအစ်ကို၏ ဘေးတွင်ထိုင်နေချိန်၌ Long Feiye အတွက် အားပေးနေခြင်းအား တွေ့ရသည်မှာ မထူးဆန်းပေ။ ယခုမူ Bai Yanqing အား ရန်စရန် Xu Donglin နှင့်အတူ ရပ်နေသောကြောင့် တစ်ယောက်မှာ မအံ့သြပဲ မနေနိုင်ပေ။ ဤပဋိပက္ခတွင် သူမ ပါဝင်တော့မည်လား။ သူမတွင် မည်သည့်အကြောင်းပြချက်နှင့် လုပ်ပိုင်ခွင့်ရှိသလဲ။ လူတိုင်းမှ အံ့အားသင့်နေချိန်တွင် Bai Yanqing မှာ ထိတ်လန့်သွားဟန် မတူပေ။ Baili Mingxiang အား မြင်လိုက်သည်နှင့် သူ၏ အကြည့်များမှာ ရေခဲပြင်ကဲ့သို့ ဖြစ်သွားတော့သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now