အခန်း(၉၆၀)

291 31 4
                                    

အခန်း(၉၆၀)

မသေနိုင်သော လူသားအား ရှာဖွေ တွေရှိခြင်း။








Long Feiye နှင့် Han Yunxi တို့မှာ ပထမဆုံး ဆင်းသက်လာကြသည်။ ချောက်မှာ သူတို့က မျှော်လင့်ထားသည်ထက် များစွာ နက်ရှိုင်းလေသည်။တောင်ကျချောင်းငယ်တစ်ခုမှာ ချမ်းအေးသောအရိပ်ဖြင့် လွှမ်းခြုံထားသည့် ရှင်သန်ကြီးထွားနေသော အပင်များကြား မှ ဖြတ်သန်း စီးဆင်းနေသည်။ လေထုသည်ပင် အစိုဓာတ်ဖြင့် စိုစွတ်နေ၏။ စုံတွဲမှာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း Bai Yanqing ၏ အလောင်းအား မတွေ့ခဲ့ရသကဲ့သို့ အခြားအရာများမှာလည်း လွဲချော်နေခြင်း မရှိပေ။နောက်ဆုံးတွင်၊ Long Feiye မှာ သူ၏ဓားဖြင့် ထိုလူ၏နှလုံးသားထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထိုးစိုက်ခဲ့သည်။ ထို့အပြင် ထိုသူ၏ခန္ဓာကိုယ်မှာ သစ်ကိုင်းပေါ်တွင် တင်နေပြီးနောက် အသက်မရှူတော့ကြောင်း စစ်ဆေးခဲ့သည်။ သေချာသွားသည်နှင့် အလောင်းအား ချောက်ထဲသို့ ကန်ချခဲ့သည်။ 

Bai Yanqing မှာ ​​ထိုအချိန်တွင် အသက်ရှင်နေသေးလျှင်တောင် ဤမျှ အမြင့်မှ ပြုတ်ကျပြီးနောက် ဘယ်လို အသက်ရှင်နိုင်မည်လဲ။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှပင် တစ်ပိုင်းတစ်စ ဖြစ်နေနိုင်သည်။အလောင်းမှာ အနီးနားတွင် ရှိနေရမည်ဟု ယူဆထားသဖြင့် သူတို့က စတင် ရှာဖွေခြင်းမပြုသေးပဲ Gu Beiyue နှင့် အရိပ်အစောင့်မှ ဆင်းလာရန် စောင့်ဆိုင်းနေခဲ့သည်။ Han Yunxi  မှာ စိတ်အခြေအနေ ကောင်းနေခြင်း မရှိပေ။ အထူးသဖြင့် အောက်ခြေသို့ရောက်ပြီးနောက်တွင်ပင်။သူမ၏ စိတ်ဓာတ်ကျခြင်းမှာ မျက်နှာအနှံ့ ရေးထားလေသည်။ ၎င်းအား ကြာမြင့်စွာကပင် ခံစားမိ နေသော Long Feiye မှာ ရေရွတ်လိုက်သည်။ "စိတ်သက်သက်သာသာထား၊ မင်းက သူ့ကိုသတ်တဲ့လူမဟုတ်ဘူး။"

သူမက "အဖသတ်သူ" ဟူသော စွပ်စွဲချက်တွင် ပိတ်မိနေကြောင်း သူက သိနိုင်သည်။ Bai Yanqing မှာ ထိုစကားများပြောပြီး သမီးဖြစ်သူအား နောက်ဆုံးမိနစ်မှာ အသိအမှတ်ပြုမည်ဟု သူက မမျှော်လင့်ထားပေ။Han Yunxi မှာ သူမ၏ စိတ်တည်ငြိမ်မှု လုံးဝပျောက်ကွယ်သွားချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။
Han  Yunxi မှာ Long Feiye ထံ ကြည့်လိုက်သည်။ “ကျွန်မ...ရှင့်ကို သူ့ကိုသတ်​ခွင့်​​ပေးလိုက်​တာ မှန်ရဲ့​လား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now