အခန်း(၉၀၁)

336 35 0
                                    

အခန်း(၉၀၁)

နင်ကျင်း.. မင်းနိုင်ပါတယ်။








Gu Beiyue ၏စာတွင် Gu Qishao မှ သူ့အား ကယ်တင်ရန် တောင်းဆိုထားပြီး နေအိမ်အကျယ်ချုပ် အခြေအနေ အသေးစိတ် ဖော်ပြထားသည်။ သူ့အား ဘယ်နေရာတွင် ထိန်းသိမ်းထားမှန်း မသိသော်လည်း သူ၏ ပထဝီဝင်နှင့် ပတ်ဝန်းကျင်အား ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်သည်။ ထို့အပြင် သူ၏ ပတ်ဝန်းကျင်တွင် ပေါက်နေသည့် ဆေးဖက်ဝင်အပင်များ အကြောင်း ကောင်းစွာ နားလည်နိုင်သည်။သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်အရ ထိုနေရာမှာ ထျန်းနင် နှင့် အနောက်ကျိုး၏ နယ်နိမိတ်တစ်နေရာတွင် ရှိနေသည်။ ချိုင့်ဝှမ်းတွင်း၌ သူက တွေ့ခဲ့ရသည့် ရှားပါးအပင်များအကြောင်း မှတ်ချက်များပင် ထည့်သွင်းပေးလိုက်သည်။

Gu Beiyue ၏အကောင်းဆုံးရွေးချယ်မှုမှာ Gu Qishao ထံအကူအညီတောင်းရန်ပင်။ အကြောင်းမှာ Gu Qishao မှာ ဖော်ပြချက်များဖြင့်ပင် သူက  ရှိနေသည့်နေရာအား ကောင်းစွာ စိတ်ကူးထားပြီးဖြစ်သောကြောင့်ပင်။ Gu Qishao က ဘယ်သူလဲ။ ဆေးမိစ္ဆာအရှင်ပင်။  တိမ်တိုက်ကုန်းမြေကြီး တစ်ခွင်ရှိ ဆေးဖက်ဝင်အပင်အားလုံး၏ တည်နေရာအား အခြားသူများထက် ပိုသိသူပင်။

"အနက်ရောင် ယိမိ ပန်း… ဟီးဟီး၊ အဲဒါတွေက သုံးနေရာပဲရှိတယ်။” Gu Qishao မှ ရေရွတ်လိုက်သည်။ယိမိ ပန်းမှာ ယေဘူယျအားဖြင့် အရောင်အသွေးစုံသော ပွင့်ချပ်များ ရှိသော်လည်း အနက်ရောင် ယိမိပန်းမှာ  လုံးဝအနက်ရောင်ဖြစ်ပြီး ၎င်းတို့၏ကြီးထွားရန် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအတွက် အလွန်ဇီဇာကြောင်သည်။ နေရာသုံးနေရာတွင်သာ ၎င်းတို့၏ ကြီးထွားမှုအား ပံ့ပိုးပေးနိုင်ပြီး တစ်ခုချင်းစီမှာ Gu Beiyue ထံမှ ဖော်ပြချက်များဖြင့် ဆင်တူသော မတူညီသည့် နေရာများတွင် ပြန့်ကျဲနေသည်။ 
၎င်းတို့တွင် စီးဆင်းနေသော စမ်းချောင်းများ၊ နက်မှောင်သော အရောင်ရှိသော မြေဆီလွှာများနှင့် စိုစွတ်သော အုံ့မှိုင်းသော နေရာများပါရှိသော နက်ရှိုင်းသော တောင်ကြားများ ပါရှိသည်။ 

ဆေးဖက်ဝင်အပင်များနှင့် အလေ့ကျ ကောက်ပင် အမျိုးမျိုးတို့မှာ ထိုသို့သောပတ်ဝန်းကျင်တွင် ရှင်သန်ပေါက်ဖွားကြသည်။ သုံးခုစလုံးမှာ ၁) ထျန်းနင် နှင့် အနောက်ကျိုး အကြားရှိ နဂါးမြူးလျှိုစောက် ၊ ၂) ထျန်းနင် နှင့် မြောက်ပိုင်းလီ အရှေ့ဘက်ကြားရှိ နဂါးဟိန်းသံ လျှိုစောက်၊ သို့မဟုတ် ၃) ထျန်းနင်နှင့် သုံးလမ်းသွားမှောင်ခိုဈေး တောင်ဘက်ကြားရှိ ဇာမဏီအော်သံလျှိုစောက်ပင်။ စာရင်းတွင် နောက်ဆုံးတစ်ခုမှာ အနီးစပ်ဆုံးဖြစ်သောကြောင့် Gu Qishao မှာ ထိုနေရာမှ သဘာဝအတိုင်း စတင်မည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now