အခန်း(၈၄၅)

430 49 14
                                    

အခန်း(၈၄၅)

သူမ၏ ဝန်ခံမှု။ သူ၏ တွယ်တာမှုများ။






Long Feiye မှာ ပစ်ပေးလိုက်သော ပစ္စည်းအား Ning Cheng မှ ဖမ်းယူလိုက်ပြီးနောက် ဖွင့်ကြည့်လိုက်လျှင် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ Han Yunxi  မှာ ထိုမြင်ကွင်းကြောင့် ပို၍ပင် အံ့အားသင့်သွားတော့သည်။ ၎င်းမှာ တော်ဝင်မျိုးရိုးစဉ်ဆက်တစ်လျှောက် လက်ဆင့်ကမ်းပေးလာသော  အရှေ့ချင်၏ တော်ဝင်ကျောက်စိမ်းတံဆိပ်မှလွဲ၍ အခြားမဟုတ်ပေ။

Long Feiye က သူမအတွက် အရှေ့ချင်ရဲ့ တော်ဝင်တံဆိပ်နဲ့ လဲနေတယ်!!!

၎င်းမှာ အင်အားကြီးသော်လည်း ပြတ်သားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ 

အမှန်တရား သို့မဟုတ် လိမ်ညာမှုများမှာ ယခုတွင် အရေးမပါတော့ပေ။ အပြုအမူများမှသာ ကိစ္စအားလုံးကို နိဂုံးချုပ်သည်အထိ အဆုံးအဖြတ် ပေးနိုင်သည်။Long Feiye မှာ သူမအား အနားတွင်ထားရန် ဆုံးဖြတ်လိုက်သည်နှင့် အမျိုးသားရန်ငြိုးဖွဲ့နှင့် လူတစ်ယောက်အဖြစ် သူမကိုယ်တိုင် အကြားတွင် ရွေးချယ်မှုတစ်ခု ပြုလုပ်ထားပြီး ဖြစ်သည်။ သူက ဒုတိယတစ်ခုအား ရွေးခဲ့သည်။ ထို့ကြောင့် သူက ဒီမျိုးနွယ်အပေါ် အမုန်းအား လွှတ်ချကာ ပူးပေါင်းဆောင်ရွက်ရန် သူ၏ စိတ်ရင်းအား ထုတ်ဖော်ခဲ့သည်။ အသေအချာပင် အရှေ့နှင့် အနောက်ချင်မှာ လေမျိုးနွယ်အား အတူတကွ ဖြေရှင်းပြီးသည်နှင့်  ရင်ကြားစေ့မလား သို့မဟုတ် တိုက်ပွဲဖြစ်ပွားမည်လား မည်သူမှ မပြောနိုင်ပေ။ သို့တိုင် အနည်းဆုံး Long Feiye မှ ပထမဆုံးခြေလှမ်းအား လှမ်းလာလေသည်။

ထိုကဲ့သို့ အထင်ကြီးလောက်စရာ အဓိပ္ပါယ်မရှိသော Long Feiye အားမြင်လိုက်ရလျှင် Han Yunxi မှာ လက်ထဲတွင် အာဏာအား ချုပ်ကိုင်ထားကာ စစ်မှန်ပြီး သင့်လျော်သော အနောက်ချင် မင်းသမီး ဖြစ်ချင်မိသည်။ သို့ဆိုလျှင် သူမက သူကဲ့သို့ဖြစ်နိုင်ပြီး သူမဆန္ဒအတိုင်း ပြုမူနိုင်သည်။ သူမအလိုရှိသည့်အတိုင်း လွှမ်းမိုးနိုင်သည်။ ခြိမ်းခြောက်ကာ ဖြစ်ရပ်တိုင်းတွင် အံ့မခန်းဖြစ်စေနိုင်သည်။ သို့တိုင် မင်းသမီးတစ်ပါး ဖြစ်နေသည့်တိုင်အောင် သူမက Ning Cheng အား လက်အောက်ခံရန် လိုအပ်နေသေးသည် မဟုတ်လော။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now