အခန်း(၈၈၉)

297 35 10
                                    

အခန်း(၈၈၉)

လောင်းကစားအပေါ် နှစ်သက်မှု။ ဘယ်သူက အသာစီးရနေလဲ။







Ning Cheng မှာ ကျိုးကြောင်းရှိစွာ ရပ်နေနိုင်သေးသည်။ အကယ်၍ သူက Gu Qishao အား စိတ်တိုစေကာ ထိုသူမှ ကစားပွဲအား ရှုပ်ထွေးစေလျှင် သူ့အတွက် ဆုံးရှုံးမှုများသာ ရှိလာလိမ့်မည်။ ထိုသန်းပေါင်းများစွာသော ချစ်ပ်ပြားများအား သူက မတတ်နိုင်သည် မဟုတ်ပေ။

“ဟုတ်ကဲ့။” အစေအပါးမှာ ခေါင်းညိတ်လိုက်သည်။ “သခင်ကြီး… Tang  Li က တစ်နေ့လုံး အောင်ပွဲခံနေတယ်။ တစ်ဝက်က ဦးလေးချန်ရဲ့ ပရိယာယ် ဆိုပေမယ့် တစ်ဝက်က အခြေခံအရ ကံကောင်းနေတာပါ။”

"ဟဲဟဲ၊ ဒါဆို ဒီနေ့ သူ့ကံက မဆိုးဘူးပဲ။" Ning Cheng မှ ပြုံးလိုက်သည်။

“ဦးလေးချန်က သဘက်ခါမလှုပ်ရှားခင် သူ့ကို နောက်တစ်ရက် အနိုင်ပေးထားဖို့ ရည်ရွယ်ထားတယ်။ ငွေတိုးချေးတဲ့ ညီအစ်ကိုတွေကို အချိန်မီ ညွှန်ကြားထားပြီးသားပါ။” အစေအပါးမှ တီးတိုးပြောလိုက်သည်။ 

ကာစီနိုတွင် ကြောက်စရာအကောင်းဆုံးအဖွဲ့ဝင်များမှာ ငွေတိုးချေးယူရန် ကမ်းလှမ်းသူများပင်။ လောင်းကစားအိမ်မှာ လောင်းကစားသမားများအား မည်သည့်အချိန်မှ ငွေချေးပေးခြင်း မရှိသဖြင့် ထိုကုန်သည်များထံမှသာ ချေးငွေများ ရယူနိုင်ကြသည်။ သို့သော် ၎င်းတို့ကို နှိုးဆော်ခြင်းသည် လောင်းကစားသမားမှာ ဘယ်တော့မှ ပြန်ကောင်းလာမည်မဟုတ်ဟု ဆိုလိုခြင်းပင်။ ထိုသူများမှာ မှောင်ခိုဈေးကွက်၏ အမှောင်မိုက်ဆုံး အင်အားစုများဖြစ်ပြီး မည်သည့်အဖွဲ့တွင်မှ မပါဝင်ခဲ့ကြပေ။ လောင်းကစားအိမ်များမှာ သူတို့အပေါ်  စီရင်ပိုင်ခွင့်အာဏာမရှိသော်လည်း သူတို့၏ အတိုးတစ်စိတ်တစ်ပိုင်းမှာ ကာစီနိုများသို့ ရောက်လာရသည်။တစ်နည်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံရေးပင်။ အကယ်၍ လောင်းကစားသမားမှ ချေးငွေအပေါ် အတိုး ပြန်မဆပ်နိုင်လျှင် လောင်းကစားအိမ်မှ ထွက်လာသည်နှင့် သူတို့အသက်ဖြင့် ပေးချေစေရန် ထိုသူများမှာ  သေချာစေလိမ့်မည်။ 
Ning Cheng ၏ ကြံစည်မှုမှာ ထက်မြက်သည်။အကယ်၍ Tang Li မှာ လောင်းကစားအိမ်တွင် အကြွေးတင်ထားလျှင် အနန္တ ကုန်သည်ခန်းမ၏ သားမက်ဖြစ်နေသောကြောင့် သူ့အား မထိနိုင်ပေ။ သို့သော် Tang  Li မှာ ငွေတိုးချေးသော ကုန်သည်များထံ အကြွေးတင်ထားလျှင် အနန္တကုန်သည်ခန်းမမှာ ကိစ္စများ ဆွေးနွေးရန် ကြားခံတစ်ဦးအဖြစ် ဆောင်ရွက်နိုင်သည်။ ခြိမ်းခြောက်ခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုတို့ ပေါင်းစပ်ခြင်းဖြင့် သူတို့က ထိုလျှို့ဝှက်လက်နက်များကို ရယူရန် ထန်မျိုးနွယ် နှင့် တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု၏ သဘောတူညီချက်အား လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now