အခန်း(၉၀၂)

304 32 6
                                    

အခန်း(၉၀၂)

ဆယ်ရက် ရက်ချိန်း။








မှောင်ရိပ်များတွင်းမှ ဘယ်သူတွေ ကြိုးဆွဲနေမှန်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တစ်မနက်အတွင်း အနန္တကုန်သည်ခန်းမ၏ လေလံအိမ်များမှာ အတုအပများ ရောင်းချသည့်အတွက် ဖော်ထုတ်ခံလိုက်ရသည်။ တစ်ချိန်တည်းတွင် ၎င်း၏ လောင်းကစားအိမ်များတွင် လောင်းကစားဒိုင်များမှ ကလိမ်ကျသည့် ကိစ္စများ ထွက်ပေါ်လာသည်။ ဤနှစ်ခုစလုံးမှာ စျေးကွက်တွင် အမြတ်အစွန်းအရှိဆုံး လုပ်ငန်းဖြစ်သောကြောင့် ပြသနာနှစ်ခုစလုံးမှာ ကြီးမားသော ဆုံးရှုံးမှုပင်။ Ning Nuo မှာ အဝေးရှိ မြောက်ပိုင်းလီတွင် ရှိနေသောကြောင့် မင်းသမီးမှ ဦးစီးရန် ပြန်ရောက်မလာမီတွင် ဘိုးဘေးကောင်စီမှာ Ning Jing ကိုသာ အားကိုးနိုင်ခဲ့သည်။ ဤမျှကြီးမားသော ကိစ္စအတွက် ဆုံးဖြတ်ချက် မခေါ်ဆိုနိုင်ပေ။

Ning Jing မှာ ထိတ်လန့်တကြားမေးရင်း အစည်းအဝေးခန်းထဲသို့ အလျင်အမြန်ဝင်လာသည်။ "Han  Yunxi  က စစ်စခန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား။ သူမ ဘာလို့ Long Feiye နဲ့ ရှိနေတာလဲ။ဒါက သူမ ဘာကို ဆိုလိုတာလဲ။ ပြီးတော့ ကျွန်မအစ်ကိုကြီးက ဘာလို့ သူမကို ဖုံးကွယ် ပေးထားရတာလဲ။"

ခေါင်းဆောင်အကြီးအမှူးမှာလည်း အဖြေအား သိချင်နေသော်လည်း အစောင့်များမှာ မသိနိုင်ပေ။ အဘိုးအိုမှာ ခေါင်းခါ၍ ပြောလိုက်သည်။ “သခင်မလေးကျင်း မင်းသမီးရဲ့ ကိစ္စကို ငါတို့ အနန္တကုန်သည်ခန်းမက ဘယ်လိုမျိုး မေးခွန်းထုတ်နိုင်မှာလဲ။”

"ဦးလေးချန် ဘယ်မှာလဲ။" Ning Jing မှာ ထပ်မံ မေးလိုက်သည်။

လေလံပွဲနှင့် လောင်းကစားအိမ်များမှ ပြသနာများအကြောင်း ခေါင်းဆောင်အကြီးအမှူးမှ ထပ်မံ ပြောပြလာသည်။ “ဦးလေးချန်က လောင်းကစားအိမ်မှာ လောလောဆယ် တာဝန်ရှိသူနဲ့ ဖြေရှင်းနေတော့ ခဏလောက် လာလို့မရဘူး။”

အတွေ့အကြုံရင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် Ning Jing မှာ နောက်ထပ်ရှင်းပြစရာမလိုပဲ နားလည်နိုင်သည်။ ကုန်ပစ္စည်းအတုများနှင့် လူလိမ်များ အပေါ် စွပ်စွဲချက်များအား မှန်ကန်စွာမဖြေရှင်းနိုင်လျှင် အနန္တကုန်သည်ခန်းမ  အတွက် ဆိုးရွားသောထိုးနှက်ချက် ဖြစ်လာလိမ့်မည်။ ၎င်းနှစ်နေရာမှာ သူတို့ လုပ်ငန်းများ၏ ငွေအိတ်များဖြစ်ရုံသာမက  ယုံကြည်စိတ်ချရမှု၏ သင်္ကေတလည်း ဖြစ်သည်။ မှောင်ခိုဈေးတွင် လုပ်ဆောင်ခဲ့သော သဘောတူညီချက်များအားလုံးမှာ မြေပြင်ထက်တွင် လုပ်ဆောင်သည့် စီးပွားရေးထက် များစွာပို၍ ယုံကြည်မှုအပေါ် အလေးထားကြသည်။ အတုအပများအား အယုံအကြည် မရှိပေ။ သုံးလမ်းသွားမှောင်ခိုဈေး သို့ဝင်ရောက်ရန် စွမ်းအားရှိသူတိုင်းမှာ စည်းစိမ်ဥစ္စာ သို့မဟုတ် ကုန်ပစ္စည်းများ ချို့တဲ့နေခြင်းမရှိပေ။ အနန္တကုန်သည်ခန်းမ ၏ လုပ်ငန်းများမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေပြီဖြစ်သည်။ ဤအန္တရာယ်အား မဖြေရှင်းနိုင်လျှင် သူတို့၏ လုပ်ငန်းများအား ရွှေတောင်ပံနှင့် အရှေ့မြစ်ဖျား ခန်းမများမှ ခိုးယူသွားလိမ့်မည်။  Ning Jing မှာ Ning Cheng ၏အကျပ်အတည်းကြောင့် တုန်လှုပ်နေဆဲဖြစ်ကာ ဤသတင်းဆိုးမှ  ထပ်လောင်းထည့်လိုက်သောအခါ အထိတ်တလန့် ဖြစ်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now