အခန်း(၉၇၀)

269 35 8
                                    

အခန်း(၉၇၀)

အိမ်မက် မဟုတ်သော အိပ်မက်။









အဆိပ်သားရဲနှင့်ပတ်သက်သည့်အသေးစိတ်အချက်များမှာ အသေးလေးအား မည်မျှ စိတ်ပျက်စေခဲ့ကြောင်း Han  Yunxi အား သဘောပေါက်သွားစေသည်။ အခု သူ ဘယ်လိုလုပ်နေလဲ၊ ဒါမှမဟုတ် သူမကိုလွမ်းနေသလား၊ လူကြီးမင်းကို လွမ်းနေလာဆိုခြင်းအား သူမ မသိခဲ့နိုင်ပေ။ ဤဖော်ပြချက်အား သုံးသပ်ကြည့်လျှင် အသေးလေးမှာ Bai Yanqing ၏ ကိုယ်ပိုင်အဆိပ်သိုလှောင်မှုနေရာ၌ ပိတ်ခံထားရခြင်း ဖြစ်မည်။ အဆိပ်သိုလှောင်မှုနေရာ၏ ပိုင်ရှင်မှာ သူမ သို့မဟုတ် အသေးလေးထက် မြင့်မားသော ကျင့်ကြံဆင့်ပိုင်ဆိုင်ထားသရွေ့ ၎င်းမှာ သတ္တဝါအား ပိတ်လှောင်ထားနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် Bai Yanqing မှာ သူမကဲ့သို့ ဒုတိယအဆင့် အဆိပ်သိုလှောင်မှုနေရာလွတ် အသုံးပြုသူ ဖြစ်နိုင်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ သူမထက်သာလွန်နေသေးသည်။ ထို့ကြောင့် အသေးလေးမှာ ပိတ်မိနေရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူမက လုံ့လဖြင့် ထိုလူကို မကျော်မချင်း ကျင့်ကြံနိုင်မှသာ သူက လွတ်မြောက်နိုင်လိမ့်မည်။

Han  Yunxi  မှာ အတွေးထဲတွင် ခွန်အားများ ပြည့်နှက်နေသည်။ သူမက တတိယအဆင့်သို့ရောက်သောအခါတွင် အသေးလေး နှင့် မည်သို့ဆက်သွယ်ရမည်ဟု တစ်ချိန်က တွေးခဲ့ဖူးပြီး အခြေအနေအချို့ကို နားလည်ခဲ့သည်။ သို့သော် ယခု သူမက သူ့အား ကယ်တင်ရန် တိုက်ရိုက်ဖြင့် အထိရောက်ဆုံးနည်းလမ်းအား ရှာတွေ့ခဲ့သည်။ သူမက အဆိပ်သိုလှောင်မှုနေရာလွတ်အား ကျင့်ကြံ ရန် ဤမျှ ပြင်းပြင်းထန်ထန် မခံစားခဲ့ဖူးပေ။ သူမ၏ ချိုးဖျက်မှုမှာ မည်သည့် နေရာတွင် ရောက်နေမှန်း မသိနိုင်သော်လည်း အနည်းဆုံး သူမ၏အဆင့်အား အရင်မြှင့်တင်နိုင်သည်။ သူမ၏ ယခုတစ်ကြိမ် အိပ်မက်မှာ နောက်ဆုံးအကြိမ်နှင့် လုံးဝမတူပေ။ ပထမအကြိမ်တွင် အရာရာသည် မှုန်ဝါးနေပြီး အလျင်စလိုဖြစ်နေသည်။ အလည်လာရန်အတွက်သာ  ဖြတ်သွားသလိုပင်။ ဤတစ်ကြိမ်တွင် အရာအားလုံးမှာ တည်ငြိမ်နေပြီး သူမ၏ စိတ်များ ကြည်လင်လာသည်။ သူမ ယခင်ကထက် ပို၍ကြာရှည်စွာ ဤနေရာတွင် နေနိုင်လာသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now