ep -3

42 4 2
                                    

ညရောက်တော့ jongwoo ညအိပ်ဝတ်စုံလေးလဲကာ ထမင်းစားရန် အပေါ်ထပ်တွင် အကိုလေးအား သွားခေါ်လေသည်
တညနေလုံးငိုထားသဖြင့် မျက်လုံးများနှင့် မျက်နှာလေးမှာ ဖောင်းဖောင်းလေးဖြစ်နေပေသည်

jongwoo:ဒေါက် ဒေါက် အကိုလေး အောက်ထပ်မှာထမင်းစားလို့ရပါပြီ အကိုလေး
jiwoong: ငါ ဒီနေ့ဆင်းမစားဘူး မင်းကိုယ်တိုင်ငါ့အခန်းထဲ ထမင်းလာပို့

jongwoo: ဟုတ်ကဲ့အကိုလေး

jiwoong: ဆယ့်ငါးမိနစ်အတွင်း လာပို့နော် နောက်ကျရင် အပစ်ပေးခံရပြီမှတ်
jongwoo: ဟုတ်ကဲ့ အကိုလေး

jiwoong pov: jiwoong ထိုကောင်လေးအားသဘောမကျပါ မိဘများမှာဒီမလာခင်ကပင် jongwoo လေးကိုဂရုစိုက်ပြီး စောင့်ရှောက်ပေးဖို့ အထပ်ထပ်အခါခါမှာကြားသဖြင့် မိဘများက သူ့ထပ် ထိုကောင်လေးအား ပိုဂရုစိုက်နေသောကြောင့် ထိုကောင်လေးအား လုံးဝသဘောမကျပါ
နောက်ပြီး ထိုကောင်လေးအား မြင်လိုက်သောအခါ ပိုသဘောမကျ ဖြစ်မိသည်
ယောကျာင်္းလေးဖြစ်ပြီး မျက်ရည်လွယ်ပြီး ချစ်စရာကောင်းနေသောကြောင့်ဖြစ်ပေသည်

jongwoo:အကိုလေးကအပေါ်မှာထမင်းစားမလို့တဲ့အဒေါ်ကြီး သားကိုပြင်ပေးပါအုန်းနော်

အဒေါ်ကြီး: အေးကွယ် အဒေါ်ကြီး ပြင်ပေးမယ်နော်
Arjima မှာ အသက်အရွယ်ကြီးသူဖြစ်သဖြင့် ရုတ်တရက် အပေါ်ထပ်ယူရန် ထမင်းပွဲပြင်ပေးနေရသဖြင့် အကိုလေး သတ်မှတ်ထားသည့်အချိန်ထပ် နောက်ကျမှ ပြင်လို့ပြီးလေသည်

jongwoo: ဟူး အကိုလေးတော့ဆူတော့မှာပဲ အပြစ်ပေးမယ်လည်းပြောထားသေးတာကို
jongwoo စိုးရိမ်ပြီး ဝမ်းနည်းချင်လာပြီဖြစ်သဖြင့် မျက်ရည်များပင်ဝဲလာလေသည် အကိုလေးကသူ့ကိုအစကတည်းကသဘောမကျပါဘူးဆိုနေ အခုတော့ အပစ်ပေးခံရတော့မည်

jongwoo က တကယ်အသက်လေးငယ်သလို မိဘမဲ့အဖြစ်မွေးစားခံထားရသောကြောင့် တစ်ခုခုဆိုဝမ်းနည်းလွယ်ပြီး မျက်ရည်ကျလွယ်ပါသည်

jongwoo:ဒေါက် ဒေါက် အကိုလေး ထမင်းစားလို့ရပါပြီ jongwoo ဝင်လာခဲ့လိုက်မယ်နော်

jiwoong: မင်းကိုငါဘယ်အချိန်အတွင်းယူလာခိုင်းတာလဲ jongwoo ဆိုပြီး အော်မေးလိုက်လေသည်

Love start from hateWhere stories live. Discover now