ကားပေါ်သို့ရောက်သောအခါ
jongwoo အကိုလေးချီလာသည့်အတိုင်း ပါလာပြီး jiwoong မှာ ထိုင်ခုံတွင် ထားပြီး ခါးပတ်ပတ်ပေးလေသည်jongwoo: ဟို အကိုလေး jongwoo ဆေးသောက်ပြီး အိပ်လိုက်ရင် သက်သာသွားမှာပါ ဆေးခန်းသွားစရာမလိုပါဘူး
jiwoong: မင်းကဆရာဝန်မို့လို့အကုန်သိနေတာလား တိတ်စမ်း အသံမကြားချင်ဘူး ငြိမ်ငြိမ်လေးဆေးခန်းလိုက်ပြ
jongwoo: nae ဟုပြောပြီး ဆေးခန်းသို့သွားကြလေသည်
ဆေးခန်းသို့ရောက်သောအခါ ဆရာဝန်မှ စမ်းသပ်စရာရှိသည်များစမ်းသပ်ပေးပြီး အားနည်းနေလို့ ဆေးထိုးပေးလိုက်ရမလားမေးလာသောအခါ
jongwoo: ဟို ဆေးပဲသောက်လို့ရမလား ဟင် ဆရာ
doctor: အပ်ကြောက်လို့လား ကလေး
jongwoo: naejiwoong အပ်ကြောက်သည့်ကောင်လေးအား သနားပြီး ဆေးမထိုးစေချင်သော်လည်း ဆရာဝန်မှ အားနည်းနေသည်ပြောသောကြောင့်ဆေးထိုးပေးစေချင်သောကြောင့်
jiwoong: အသက်ပဲ ဘယ်လောက်ရှိနေပြီလဲ မရဘူး ဆေးထိုးရမယ်
jongwoo: ဟို အကိုလေး jongwoo အပ်ကြောက်လို့ပါ ဆေးပဲသောက်မယ်လေ ဟု မျက်ရည်တစမ်းစမ်းနဲ့ ပြောလေသည်
jiwoong: မရဘူး ဆေးထိုးမှ သက်သာမှာ ခေါင်းမာမနေနဲ့ ငယ်တော့တာလဲ မဟုတ်ဘူး ထိုးရမယ် ထပ်မပြောနဲ့
jongwoo: nae
ဆေးထိုးမည့်အချိန်သို့ရောက်သောအခါ
jongwoo: ဟို ဆရာ မနာအောင်ထိုးပေးပါ
jongwoo: ခနလေးပါနော် ဆရာ jongwoo ကြောက်လို့ပါjiwoong ကြည့်နေရင်း စိတ်မရှည်တော့သဖြင့်
jiwoong: jongwoo သပ်သပ်ရစ်မနေနဲ့တော့ ထိုးခံလိုက်တော့ဟု ဝင်ပြောလေသည်
jongwoo: nae ဟုပြောပြီး လက်သီးလေးတွေကို ကျစ်နေအောင်စုပ်ပြီး မျက်လုံးအတင်းမှိတ်ထားလေသည်
doctor: စိတ်လျော့ထားနော်သား မနာစေရဘူး ဆရာကတိပေးတယ်
jiwoong အရှေ့ကကောင်လေးဖြစ်နေသည့်အမူအယာများကိုကြည့်ပြီးအသည်းယားနေမိသည် စိတ်ထဲတွင် လည်း ချစ်စရာလေးဟုတွေးကာသဘောကျနေမိလေသည်jiwoong: ဟိုကောင်လေး မျက်လုံးဖွင့်တော့ ဆေးထိုးတာပြီးပြီ လက်သီးဆုပ်ထားတာလည်း ဖြေတော့ ပြစမ်း လက်ကို ဟုပြောပြီး jongwoo လက်အားယူကြည့်လိုက်သောအခါ
ကောင်လေးမှာဘယ်လောက်တောင်တင်းနေအောင်ဆုပ်ထားလည်းမသိ အရာတွေထင်နေပြီး နီရဲနေလေသည်
jiwoong ကျစ် သပ်လိုက်ပြီး
jiwoong: အဲ့လောက်အပ်ကြောက်ရလား နောက်တခါ မဖျားအောင်သေချာဂရုစိုက်ကြားလား
jongwoo:nae အကိုလေး
jiwoong:လာဆေးဖိုး ရှင်းပြီး ပြန်ကြမယ် ကောင်လေး
ကားပေါ်သို့ရောက်သောအခါ jongwoo ဆေးအရှိန်ကြောင့်အိပ်ပျော်သွားလေသည်
jiwoong အိပ်ပျော်နေသည့် ကောင်လေးအားကြည့်လိုက်သောအခါ ချစ်စရာကောင်းလွန်းသဖြင့် သူဘာသာတောင်မသိလိုက်ပါပဲ ဓာတ်ပုံရိုက်မိသွားလေသည်
ထိုနောက်ကောင်လေးအား ကားပေါ်တွင်ပါသည့် စောင်အား ခြုံပေးလိုက်ပြီး အိမ်သို့ပြန်မောင်းလေသည်
jiwoong pov
အိမ်ပြန်ရောက်မှ ဆန်ပြုတ်ပြုတ်ပေးပြီး ဆေးတိုက်မည်ဟုတွေးကာ အိပ်နေသည့်ကောင်လေးအားကြည့်ကာ အိမ်သို့ အမြန်မောင်းလေတော့သည်
YOU ARE READING
Love start from hate
Fanficwhen love comes kim jiwoong life suddently Mature content