စာသင်ချိန် တစ်ချိန်ပြီး တစ်ချိန်ကုန်ဆုံးပြီး ညနေကျောင်းဆင်းချိန်သို့ ရောက်သောအခါ
jongwoo ကျောင်းရှေ့တွင်အကိုလေး လာအကြိုကိုစောင့်နေပါသည်
ကျောင်းဆင်းတာ အခုဆို နာရီဝက်တောင်ကျော်နေပေမယ့်အကိုလေး ရောက်မလာသေးပါjongwoo: ဟူး အကိုလေးကလည်း လာမကြိုသေးဘူး တစ်နာရီတောင်ကျော်တော့မယ် ph ဆက်လိုက်ရမလား
jongwoo အကိုလေးအား ph ဆက်ရင်ကောင်းမလား မဆက်ရင်ကောင်းမလား စဉ်းစားနေရင်း နောက်ဆုံးတော့ ဆက် လိုက်ပါသည်တီ တီ တီ
ph ဝင်သွားပေမယ့် အကိုလေးဘက်က ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် jongwoo တစ်ခါပဲ ခေါ်ပြီး အကိုလေးလာမည့် အချိန်ကိုစောင့်နေမိသည်
စာသင်ခန်းထဲ ဝင်စောင့်ဖို့ကလည်း ကျောင်းပိတ်တာ တစ်နာရီကြာသွားပြီဖြစ်သည့်အတွက် ကျောင်းတံခါးလည်း ပိတ်လိုက်ပြီဖြစ်သည်ထိုအချိန် မိုးများရုတ်တရက်ရွာချလာသောကြောင့် jongwoo လေးခမျာ အကိုလေး လာကြိုမည့်အချိန်သာမိုးရေထဲတွင်စောင့်နေရပေတော့သည်
jiwoong မှာuni သွားရင်အပြန်တွင် ငယ်သူငယ်ချင်းနဲ့ပြန်တွေ့သဖြင့် စကားပြောရန် စားသောက်ဆိုင် တစ်ခုသို့သွားပြီး သူငယ်ချင်းများနှင့် စကားလက်ဆုံကြမိနေခြင်းဖြစ်သည်
jiwoong fri: မတွေ့တာကြာပြီးအခုမှပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ ဒီအထဲမှာအိမ်အမြန်ပြန်ရမည့်လူတွေတော့မရှိဘူးမလား
အကုန်လုံးက ဝိုင်းရီနေကြပေမယ့် jiwoong အခုမှ jongwoo ကိုသတိရသွားလေသည်
နာရီကြည့်မိတော့ 6 နာရီတောင်ကျော်နေပြီဖြစ်သောကြောင့် ဟိုကောင်လေး ငါ့ကို ဒီအချိန်ထိတော့ စောင့်နေမည် ဟု မထင်သောကြောင့် သူငယ်ချင်းများနှင့်သာ စကားလက်ဆုံကြနေလေတော့သည်
အချိန်ကား ည8 နာရီထိုးနေပြီဖြစ်သော်လည်း ညမှောင်ကြီးထဲ မိုးထဲ ရေထဲတွင် အကိုလေးဆိုသူအား စောင့်နေသည့် ကောင်လေး တစ်ယောက်ရှိသလို မိုးရွာနေမှန်းမသိပဲ စားသောက်ဆိုင်တစ်ခုထဲတွင် သူငယ်ချင်းများနှင့် ပျော်နေသည့် ကောင်လေးတစ်ယောက်လည်းရှိပေသည်
YOU ARE READING
Love start from hate
Fanfictionwhen love comes kim jiwoong life suddently Mature content