ep -15

40 3 0
                                    


အကိုလေးနဲ့ အပြင်ထွက်ရမည်ဆိုသောကြောင့် jongwoo လန့်နေမိသည်

jongwoo pov အဆင်ပြေသွားမှာပါ အဓိက အကိုလေး ဘဝင်မကျအောင်မနေဖို့ပဲ အရေးကြီးတာဟုတွေးပြီး jongwoo အဝတ်အစားများလဲနေလေသည်

jiwoong အဆင့်သင့်ဖြစ်နေသောကြောင့်အပြင်သွားရန် ဟိုကလေးအားစောင့်နေလေသည် အခုထိ ထွက်မလာသေးသောကြောင့် သူ့အခန်းတံခါးအားသွားခေါက်ရာ ထွက်လာသော ကလေးမှာ အပြာရောင်ဆွယ်တာလက်ရှည်လေးနဲ့ ဂျင်းပြာအတိုလေးဝတ်ထားသောကြောင့် ကြည့်လို့ကောင်းသည့်အဆင့်ထက်ပိုကာ အရမ်းချစ်ဖို့ကောင်းနေသောကြောင့် jiwoong သိပ်တော့သဘောမကျချင်ပါ သို့သော်ယခုတွင်ဒီကောင်လေးနဲ့ ဘာမှမဆိုင်သေးသောကြောင့် မပြောသေးပဲ ဆိုင်လာသည့်အချိန်ရောက်ရင်တော့ နောက်ဘယ်တော့အခါမှ ဒီကလေးအား အတိုမဝတ်ခိုင်းဘူးဟု စိတ်ထဲတွင်တွေးနေလေသည်

jiwoong:  သွားကြမယ်လာ ဘယ်အချိန်ရှိနေပြီလဲ ပြင်နေတာမပြီးတော့ဘူး

jongwoo:  ပြီးပါပြီ အကိုလေးဟုပြောပြီး jongwoo ရီပြလေသည်

jiwoong:  ခေတ္တခနမျှ ကြောင်ကြည့်နေပြီး မျက်နှာတည်ဖြင့် မင်း ငါကလွဲပီး တခြားသူတွေကိုမရီပြနဲ့ကြားလား

jongwoo ကြောင်သွားပေမယ့် ဟုတ်အကိုလေးဟုသာပြန်ဖြေပြီး အကိုလေးနောက်လိုက်သွားလေသည်

jiwoong uni တက်ရန် အဝတ်အစားများလာဝယ်ခြင်းဖြစ်လေသည် ဟိုကောင်လေးပါ လိုအပ်တာဝယ်ပေးရန် သူ့အား အတူခေါ်လာခြင်းဖြစ်သည် center တွင် မြင်သမျှအရာအားလုံးအား အံသြတကြီးကြည့်နေသည့်ကောင်လေးအားကြည့်ပြီး jiwoong အသည်းယားလွန်းလို့ ဒီကလေးအား လူမမြင်အာင်ဖွက်ထားချင်မိလေသည်

jiwoong:  ကဲပြန်ကြမယ် မပြန်ခင် မင်းသွားချင်တဲ့နေရာတွေဘာတွေရှိလား

jongwoo:  nae ဟို အကိုလေး

jiwoong:  အရှေ့မှ ပြောစရာရှိတာမပြောပဲ တဟိုဟိုနေသည့်ကောင်လေးအား jiwoong စိတ်မရှည်တော့ပါ အော်မိရင်လည်း သူလိုချင်တာပြောတော့မည်မဟုတ်သောကြောင့်စိတ်မရှည်သော်လည်း သူပဲ စကားလမ်းကြောင်းပေးလေတော့သည်
အင်း ဘယ်သွားချင်သေးလို့လဲ ကောင်လေး

Love start from hateWhere stories live. Discover now