ep-4

38 5 4
                                    


Jiwoong ထမင်းစားပြီးနောက် ကုတင်ခြေရင်းတွင် ဒူးထောက်နေသည့်ကောင်လေးအားကြည့်လိုက်ရာတွင် ထိုကောင်လေးမှာ ဗိုက်ကို ဖိကိုင်ထားပြီး မျက်ရည်များကျနေသည်ကိုသတိထားမိလေသည်

jiwoong:  ငါထမင်းစားလို့ပြီးပြီ ထပြီး အောက်ထပ်ကိုယူသွားတော့

jongwoo: ဟုတ်အကိုလေး ဟုပြောပြီး ခါးလေးကိုင်းကာ jiwoong နားကို လျှောက်လာလေသည်
jongwoo အစာအိမ်ကအရမ်းနာနေသဖြင့် မတ်မတ်လျှောက်လိုပင်မရအောင် ဖြစ်နေပေသည်
ထိုကြောင့်ခါးလေးကိုင်းပြီးသာ jiwoong နားသို့သွားလေသည်

အောက်ထပ်ရောက်သော် arjima အား ထမင်းပန်းကန်အားပေးပြီး jongwoo ထမင်းစားဖို့ပြင်လေသည်
ထမင်းစားသည့် အချိန်တွင်လည်း သူ့အဖြစ်ကိုသူပြန်တွေးပြီး ဝမ်းနည်းလာသလို သေချာမမှတ်မိသည့်သူမိဘများအားပြန်သတိရမိသောကြောင့် မျက်ရည်များကျမိလေသည်
arjima မှ jongwoo ငိုနေသည်ကိုမြင်သောအခါ
arjima: သားလေးရယ်အကိုလေးက ချမ်းသာပြီး ပညာတတ်တော့ သူလိုချင်တာပဲသိပြီး ခိုင်းတဲ့အတိုင်းမဖြစ်တော့ စိတ်တိုပြီး jongwoo လေးကိုအပစ်ပေးမိတာဖြစ်မှာပါ သားရယ် စိတ်ထဲထည့်ပြီး ဝမ်းနည်းမနေနဲ့တော့နော် သားလေး နောက်နှစ်ရက်နေရင်ကျောင်းတက်ရအုန်းမယ်မလား အကိုလေးကိုရောပြောပြီးပြီလား

jongwoo: ဟုတ်ကဲ့ arjima သားက ဒီအတိုင်း သားမိဘတွေကို ရုတ်တရက်သတိရသွားလို့မျက်ရည်ကျမိသွားတာပါ သူ့အိမ်မှာနေတော့လည်း သူခိုင်းတာလုပ်ပြီး သူအပစ်ပေးတာခံရမှာပေါ့ သားကမိဘမဲ့မဟုတ်လား
arjima:  မဟုတ်တာ jongwooလေးရယ်အဲ့လိုမတွေးပါနဲ့ အကိုလေးက jongwoo လေးအကြောင်းမသိသေးလို့ ဒီလ်ုဖြစ်နေတာပါ နောက်ပိုင်း သားကိုတောင်ချစ်သွားအုန်းမှာ

jongwoo:  အကိုလေးက သားကို အရမ်းမုန်းနေသလိုပဲ ဘာကြောင့်မုန်းနေတာလဲမသိပါဘူး သားလည်း ဘာမှ မလုပ်မိပဲ အကိုလေးနဲ့တောင်ဒီနေ့မှ မြင်ဖူးတာမလား arjimaရယ်

arjima: အကိုလေးက အရမ်းကလေးဆန်တာ jongwoo လေးရဲ့ jongwoo လေးမလာခင်က သူက ဒီအိမ်မှာအငယ်ဆုံးမလား jongwoo လေးရောက်လာတော့ jongwoo လေးကအငယ်ဆုံးဖြစ်သွားတော့ အဲ့တာကြောင့် jongwoo ကိုမကြည်တာနေမှာပါ အဲ့တာကလည်း စစချင်းမို့ပါ နောက်ပိုင်း jongwooရဲ့ ချစ်စရာကောင်းပုံတွေမြင်ပြီး အကိုလေးက jongwoo လေးကိုချစ်လာမှာ ဝမ်းနည်းစရာတွေတွေးပြီး ငိုမနေနဲ့တော့ သားရယ် သားကပြုံးရင်အရမ်းချစ်ဖို့ကောင်းတာကွယ့် ပြုံးပြပါအုန်း.
arjima ရဲ့စကားကြောင့် jongwoo စိတ်သက်သာရာရပြီးပြုံးမိသွားလေသည်

ထိုအချိန် အိမ်အပေါ်ထပ်မှ မီးဖိုချောင်ထဲသို့ဝင်လာသည့် jiwoong လည်း jongwoo ပြုံးနေသည်ကိုမြင်သွားပြီး ခေတ္တမျှ ငေးကြည့်မိသွားလေသည်

jiwoong:  ဟမ်း အခုထိ မအိပ်ကြသေးဘူးလား

jongwoo:  ဟုတ်ကဲ့အကိုလေး အိပ်တော့မှာပါ

jongwoo အကိုလေးကရုတ်တရက်ပေါ်လာပြီး စကားပြောသဖြင့် လန့်သွားလေသည်

arjima: jongwoo လေးအိပ်ရင်ေ ဆးသောက်အိပ်ဖို့မမေ့နဲ့အုန်းနော်

jongwoo: ဟုတ်ကဲ့ arjima အကိုလေး သွားပြီနော်ဟုပြောပြီး jongwoo ထမင်းစားခန်းထဲမှမြန်မြန်ထွက်သွားလေသည်

arjima နှင့် jiwoong သာ ထမင်းစားခန်းထဲတွင်ကျန်ခဲ့လေသည် arjima မှာ jiwoong ငယ်ငယ်ေးလကတည်းက jiwoong အားထိန်းသိမ်းလာသည်ဖြစ်သောကြောင့် jiwoong နဲ့ အရမ်းပင်ရင်းနှီးလှလေသည်

jiwoong:  ဟိုကောင်ေးလကဘာဖြစ်လို့ဆေးသောက်ရမှာလဲ arjima

arjima: jongwooလေးက အစာအိမ်ရောဂါရှိလို့လေသားရယ် မနက်ကတည်းကကလေးကဘာမှမစားပဲ သားလာမှာမို့လို့ဝိုင်းကူပြင်ပေးနေတာ နောက်ပြီးကလေးကအသက်လေးလည်းငယ်တော့ အားငယ်လွယ်တယ်လေ နေ့လည်ကသားကသူ့ကိုမိဘမဲ့လို့ပြောတော့ ဝမ်းနည်းပြီးအခန်းထဲမှာတနေ့လုံးငိုနေတာ ညနေသားကိုထမင်းစားဖို့ခေါ်ခိုင်းမှထွက်လာတာ သားကသူ့ကိုအပစ်ထပ်ပေးတော့ သူအစားစားချိန်လွန်ပြီး အစာအိမ်က အောင့်လာတယ်ထင်ပါတယ် သားရယ် ကလေးကငယ်ပြီး စိတ်အားငယ်တတ်တာမို့ အရမ်းမဆူပါနဲ့လား သား

jiwoong:  သူအပစ်လုပ်ရင်တော့အပစ်ပေးရမှာပဲ arjima နောက်ပြီး အစာအိမ်ရောဂါရှိတာကို အစာကိုအချိန်နဲ့မစားတာကိုလည်း မနက်ရောက်ရင်ထပ်ဆူရအုန်းမယ် ဟူးပြောစရာတွေကြီးပဲဟုပြောကာ အိမ်ပေါ်သို့ပြန်တက်သွားလေသည်

အမှန်တကယ်တော့ jiwoong ကောင်လေးအား နည်းနည်းစိုးရိမ်သွားလေသည် အစာအိမ်ရှိတာကို ပေါ့ဆပြီး အစာပုံမှန်မစားသည့် ကောင်လေးအားမနက် ရောက်ရင်တော့ နောက်မပေါ့ဆအောင်ထပ်ဆူပေးရမည်

အခုမှ ပဲ ငါ့ဘဝက ကလေးထိန်းနေရတော့မှာလား အမေတို့လည်း ဘာလို့မွေးစားမှန်းနားမ လည် အာရုံနောက်တာပဲ
နောက်ရက်တွေ ဒီကောင်လေးနဲ့ နှစ်ပါးသွားရအုန်းမယ်ဟုတွေးကာ အိပ်ပျော်သွားလေသည်

Love start from hateWhere stories live. Discover now