နောက်တနေ့မနက်တွင်jongwoo ကျောင်းသွားရန် အိမ်အောက်ထပ်တွင်အကိုလေးအား စောင့်နေချိန်တွင်အိမ်ရှေ့မှကားသံကြားသဖြင့် ထွက်ကြည့်ရာ ကားပေါ်မှ ခပ်ချောချောအကိုကြီး နှစ်ယောက်ထွက်လာလေသည်
ထိုအချိန်တွင် အိမ်အပေါ်ထပ်မှ ဆင်းလာသော jiwoong က jongwoo အား
jiwoong: ကြောင်ကြည့်မနေနဲ့ ကောင်လေး အဲ့တာငါ့သူငယ်ချင်းတွေ အမေရိက ကနေ ဒီနေ့မှ ပြောင်းလာတာ ငါနဲ့အတူ ဒီမှာကျောင်းအတူတက်မလို့ သွားကူသယ်စရာရှိတာတွေသွားသယ်ပေးလိုက်
jongwoo: nae အကိုလေး
lee dongyeol: ရတယ် ကလေး အကိုတို့ဘာသာ သယ်လိုက်မယ်
lee hawnhee: ဟုတ်တယ် ကလေးရ ငါတို့က နိုင်ပါတယ်ကွ
jongwoo ဆင်းလာသောအကိုနှစ်ယောက်လုံးက သူ့ကိုကလေးဟုခေါ်သဖြင့် နည်းနည်းတော့ကြောင်သွားလေသည်
jiwoong က jongwoo အား သူ့သူငယ်ချင်း နှစ်ယောက်လုံး ကလေးဟုခေါ်သဖြင့် စိတ်ထဲတွင်နည်းနည်းတော့ မသာမယာဖြစ်သွားလေသည်
jiwoong: မင်းတို့က အိမ်ထဲ မဝင်တော့ဘူးလား အဲ့မှာပဲ နေကြတော့မှာလား
jiwoong: jongwoo သယ်စရာမလိုဘူးဆိုလည်း ဝင်လာတော့လေ အဲ့မှာ ပဲ ရပ်နေတော့မှာလား ကျောင်းမသွားတော့ဘူးလား ဟမ်
jiwoong သူ့သူငယ်ချင်းတွေကို ရောက်ရောက်ချင်း မပြောချင်တာနဲ့ပဲ ကြားထဲက jongwoo အား ဆူလိုက်ခြင်းဖြစ်ပေသည်
jongwoo: nae အကိုလေး jong လေးသွားပြင်လိုက်ပါ့မယ်
jiwoong pov
တစ်စိတ်ဘယ်တုန်းက jongwoo သူ့ကိုယ်သူjong လေးလို့ပြောလို့လဲ အခု ဒီနှစ်ကောင်ရှေ့မှ ပြောတာဘာကြောင့်လဲဟု တွေးလိုက်လေသည်
အမှန်က jongwoo သည် ငယ်ငယ်လေးကတည်းက သူ့ကိုယ်သူ jongလေး ဟုပဲ သုံးတာဖြစ်ပေသည် အရင်ရက်တွေက အကိုလေးကို စစသိတာဆိုတော့ အဆူလည်းခံထားရသောကြောင့် သူသုံးနေကျ jong လေး ဆိုတဲ့ နာမ်စားကိုမသုံးပဲ jongwoo ဟုသာ သုံးနေခြင်းဖြစ်ပေသည်
dongyeol,hawnhee: မင်းကလည်း လိုက်ကြည့်နေတာ မျက်လုံးကြီးလည်း ဟိုကလေးနောက် ပါသွားအုန်းမယ်jiwoong: မဟုတ်ပါဘူးကွာ ငါက ဒီအတိုင်း ကျောင်းနောက်ကျမှာစိုးလို့ပါကွ
YOU ARE READING
Love start from hate
Fanfictionwhen love comes kim jiwoong life suddently Mature content