Description

1.6K 105 4
                                    

သူကပြေးတယ် .. သူကလိုက်တယ် .. သူအဝေးကို ထွက်မသွားနိုင်တော့ဘူး....

အိုမီဂါတစ်ယောက် သူ့ရဲ့ ရန်သူတော် အယ်လ်ဖာကြီးနဲ့ အတူအိပ်ခဲ့မိတယ် ။အဲ့ဒီ့နောက်မှာတော့ သူကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတာနဲ့ ချက်ချင်း ထွက်ပြေးခဲ့လိုက်တယ် ။အဲ့တာက သူ ရုတ်တရက်စိတ်ကူးမိလိုက်တာ , သူ့‌အတွေးကတော့(Omega's pov) သူ့ရဲ့ရန်သူတော်ကြီးသာ သိသွားခဲ့ရင် သူအသတ်ခံရတော့မှာ ဆိုပြီးတော့လေ ။ သူကတော့ ကလေးလေးကို မဆုံးရှုံးချင်ဘူး ။ အဲ့တာကြောင့် သူ့ရဲ့ ရန်သူတော်ကြီး မသိဘဲ တိတ်တိတ်လေး မွေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ် ။

အိုမီဂါလေးက သူ့ရဲ့အယ်လ်ဖာကြီး ဆီကနေ သတိပြုခံရမှာ ကြောက်လို့ အယ်လ်ဖာဆီကနေ သူ့ရဲ့ တည်ရှိမှုကို မရှိသလောက်ထိန်းသိမ်းထားခဲ့ပြီးတဲ့နောက်မှာ အဝေးသွားပြီး ပုန်းအောင်းနေဖို့ရယ် ,ကလေးမွေးပြီးလို့ ပြန်လာတဲ့အခါမှာ မွေးစားထားတာလို့ပြောမယ်ဆိုပြီး စီစဉ်ထားခဲ့တာ ။

သို့သော်ငြားလည်း သူသန္ဓေသားလောင်းလေးကို ပြုစုစောင့်ရှောင့်နေတုန်းမှာ သူ့ရဲ့ အယ်လ်ဖာကြီးဆီကနေ မိသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးလေ ။ သူက လုံးဝကို ကိုယ်ဝန်ဆောင်သူတွေဝတ်တဲ့ ဂါဝန်ကို ဝတ်ထားခဲ့ပြီး အယ်လ်ဖာကြီးက သူ့ရဲ့ ဗိုက်ကိုကြည့်ပြီး ကြက်သေသေနေပါရော ။

ဖြတ်လျှောက်သွားတဲ့အခါမှာ အယ်လ်ဖာက အနည်းငယ် ရင်းနှီးနေတဲ့ အနံ့လေးကို ခံစားမိလိုက်တယ် ။ အဲ့ဒီ့အချိန်မှာ သူအဲ့ဒီ့အနံ့လေးကို ဘယ်မှာ ရခဲ့တာမှန်း သတိမရနိုင်ဘူး ဖြစ်နေတာ ။ အဲ့ဒီ့အနံ့လေးက ဟိုတစ်ညတုန်းက အိုမီဂါဖယ်ရိုမုန်းနဲ့ တူတူပဲဆိုတာ သူသတိရသွားတဲ့အခါမှာ အရာအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွား‌လေပြီ ။

သူ့အနေနဲ့ အပြေးအလွှားပြေးပြီး အိုမီဂါလေးနဲ့ ရင်ဆိုင်တွေ့ဖို့ သွားတဲ့အခါမှာ သူ့ အိုမီဂါလေး ထပ်ပြီး ထွက်ပြေးသွားပြီဆိုတာပဲ ရှာတွေ့လိုက်ရတယ် ။

အယ်လ်ဖာကြီးရဲ့ လက်ထောက်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ အယ်လ်ဖာကြီးကို ရှာချင်‌သေးလားလို့ မေးလိုက်တယ် ။ အယ်လ်ဖာကြီးကတော့ သူ့မျက်နှာကို သူပွတ်လိုက်ပြီး သွားကြိတ်လိုက်ကာ

" ရှာလေ ။ ဘာလို့မရှာရမှာလဲ ။ ငါ့ဇနီးက ငါ့ရဲ့ သားပေါက်လေးနဲ့ ထွက်ပြေးသွားတာလေ .... "

Associated Names - 带着死对头的崽跑路
Author(s) - Hao Ju Yi Da Ju ( 好橘一大橘 )
Genre - Mature , Romance , Yaoi ,
Tag -Mpreg , Omegaverse , Smut ,
Status in COO - 28 Chapters + 2 Extras + 1 Easter Egg

T/N - စုစုပေါင်းမှ 31 ပိုင်း ဆိုပေမဲ့ အားကြီး ချစ်ဖို့ကောင်းပြီး သဘောကျလို့ ဒါလေးထပ်pickလိုက်တာ။ ဒါလေးက အပိုင်းကလည်း ပထမတစ်ခုကလောက်မရှည်လို့ ဒီကြားထဲ ဒါလေးပြီးအောင် အရင်တင်မယ်နော် ✨❤️

Edit - ဖတ်ရတာ အဆင်မပြေတာ ထောက်တာမျိုးရှိရင် ပြောနိုင်ပါတယ် ။ အဆင်ပြေအောင် ပြင်ပေးပါမယ်ရှင့် ။ ဝေဖန်အကြံပြုချက်လေးတွေ ပေးနိုင်ပါတယ် ✨

ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်းWhere stories live. Discover now