Part - 7 ( Cried from infuriation )
"သူဒီလိုလုပ်သွားတာကို မင်းဘယ်လိုမြင်လဲ"
ခိုင်ရှင်းတစ်ယောက် အစပထမတည်းက ဈေးမြှင့်ပေးပြီး သူ လုယူဖို့လုပ်ခဲ့တဲ့ လက်ကြယ်သီးကို အခု ကျန်းမြန်ဆီ ယွမ်တစ်သိန်းနဲ့ပေးခဲ့တော့ စိတ်ရှုပ်သွားရသည်.။ ပိုက်ဆံဖြုန်းတီးရတဲ့ ပျော်ရွှင်မှု့ကို ခံစားဖို့ပဲလား?
"ကဲ့ရဲ့လိုက်တာပဲ ။ ဒါပေါ်တင်ကြီးကို ကဲ့ရဲ့လိုက်တာပဲ! သူအသုံးပြုပြီးသားကြီးကို ယူပြီးပေးတာ , ဒါကြီးက စော်ကားတာမှမဟုတ်ရင် ဘာကြီးလဲ! "
ကျန်းမျန်ကတော့ ဒီ ကုန်းရွှင်ကျုံးက အတွင်းထဲထိ ပုပ်အက်နေတာကို ခံစားမိသည်။ အချိန်တိုင်း သူ့ရဲ့မိုင်းကွင်းကို တက်နင်းပြီး ကနိုင်သော်လည်း ကံမကောင်းစွာပဲ ကျန်းမျန်အနေနဲ့ လူကို ဒေါသထွက်အောင်လုပ်နိုင်စွမ်းက နည်းနည်းတော့ အဆင့်နိမ့်ကျနေသေးသည်။
သူတစ်ခါက ကုန်းရွှင်ကျုံးနဲ့သူ့ကံကြမ္မာက လုံးဝကိုမလိုက်ဖက်ဘူးလို့ ခံစားဖူးခဲ့တာကြောင့် သူ တိတ်တိတ်လေးပဲ ကာရိုက်တာ၈လုံး(တရုတ်ဗေဒင်တွက်ရင်လိုတဲ့အရာ)ကိုယူကာ တွက်ချက်ခဲ့လိုက်သည်။ ကံကြမ္မာဟောသူ 'ဆရာကြီးက' တော့ သူတို့နစ်ယောက်မှာ နက်ရှိုင်းတဲ့ ကံကြမ္မာရှိတယ်လို့ပြောခဲ့တယ်။ ကျန်းမျန်ကတော့ တစ်ဖက်ကိုလှည့်ထွက်လာခဲ့လိုက်တော့သည်။ ကာရိုက်တာ၈လုံးရော သူမေးမြန်းခဲ့တာတွေရောအမှားဟုတ်ချင်ဟုတ် မဟုတ်ရင် အဲ့လူ က လူလိမ်ပဲဖြစ်ရမယ်။ခိုင်ရှင်းတစ်ယောက်တော်တော်လေး သံသယဝင်သွားသည် "ဘာမှမဟုတ်ဘဲ ယွမ်တစ်သိန်း သုံးပစ်လိုက်တာက မင်းကို ဒေါသထွက်အောင်လုပ်ဖို့လား?"
ကုန်းရွှင်ကျုံးလိုလူမျိုးအတွက် ယွမ်တစ်သိန်းဆိုတာ ဘာမှမဟုတ်တဲ့အရာ ဖြစ်ကောင်းဖြစ်ြနိုင်ပေမဲ့လည်း ပိုက်ဆံကို အမှိုက်လိုမျိုး ဆက်ဆံဖို့တော့ တော်တော်လေးမလိုအပ်ဘူးလေ။"အဲ့နောက်မှာ ငါတောင်မှ ပြိုင်ရုံလေးပြိုင်ဖို့အတွက် သူ့ရဲ့ သီးသန့်ခန်းကို ဝယ်ဖို့ ယွမ်တစ်သိန်းထပ်ထည့်ခဲ့ရတာကို သူ့အနေနဲ့ ငါ့ကို ဒေါသထွက်အောင်လုပ်ဖို့ ဘယ်လိုကြောင့် ယွမ်တစ်သိန်းကို မဖြုန်းနိုင်ရမှာလဲ?"

YOU ARE READING
ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်း
RomansaAuthor(s) - Hao Ju Yi Da Ju ( 好橘一大橘 ) Genre - Mature , Romance , Smut , Yaoi Status in COO - 28 Chapters + 2 Extras + 1 Easter Egg