Part-6.2

657 76 5
                                    

ကျန်းမြန်ဟာ အာဏာဖီဆန်ဖို့ ဆွပေးလိုက်သည်။ မန်နေဂျာလည်း ခါးသက်စွာပြုံးလိုက်ရင်း ရုတ်တရက် ကုန်းရွှင်ကျုံးကို မြင်သွားတော့သည် ။

"ဒီဟာ......"

".... ရတာပေါ့... ပိုက်ဆံတိုးပေးလို့ရတာပေါ့ , သခင်လေး ကျန်း ဘယ်လောက် ထပ်ထည့်ချင်လဲ ခင်ဗျ?"

ကုန်းရွှင်ကျုံးတစ်ယောက် ကျေးဇူးသိတတ်တဲ့ မန်နေဂျာကိုကြည့်ရင်း လက်ယမ်းပြလိုက်သည်။ ဒီနေ့ သူဝတ်ဖြစ်လာတာက လေလံပွဲနေ့က ကျန်းမြန်ဆီက လုထားတဲ့ လက်ကြယ်သီးပဲဖြစ်တယ်။ သူအဲ့လိုယမ်းပြလိုက်တဲ့ အပြုအမူကပဲ ကျန်းမြန်ရဲ့ မျက်လုံးထဲကျရောက်သွားတယ်။

(T/N-ကလေးကိုသွားစနေတာ)

သူ့ရဲ့အမြင်မှာတော့ ကုန်းရွှင်ကျုံးက သူ့ကို တမင်သက်သက်ရန်စနေတာပင်ဖြစ်သည် ။ သူလိုချင်တဲ့ လက်ကြယ်သီးကို လုသွားရုံသာမက မင်းထက်အရင် သီးသန့်ခန်းကို ဘိုကင်ယူထားပြီး မင်းငါ့ကိုမကြိုက်လဲ မင်းဘာမှ မလုပ်နိုင်ပါဘူးဆိုတာမျိုးဖြစ်သည်။

ကျန်းမြန် ဒေါသအရမ်းထွက်ကာ သူ့ခေါင်းတစ်ခုလုံး မီးလောင်နေသလိုပင်။ သူပြုံးကာ လက်ပိုက်ရင်း "ဘယ်လိုတောင် တိုက်ဆိုက်တာပါလိမ့် , ဥက္ကဌကုန်း"

ကုန်းရွှင်ကျုံး ရုတ်တရက် သူဒီနေ့မက်တဲ့ အိပ်မက်ကို သတိရသွားသည်။အိပ်မက်ထဲမှာ ကျန်းမြန်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း သူမမြင်ရပေမဲ့ ကျန်းမြန်ရဲ့အခု အပြုံးက အိပ်မက်ထဲက အပြုံးနဲ့ ကွဲပြားတာကိုတော့ သူနှလုံးသားထဲကနေသိသည် ။ အဲ့တုန်းက ရှက်ပြုံးလေးနဲ့ ဟန်မဆောင်တတ်တဲ့ အပြုံးလေး။

သူ့လည်ချောင်းကို ရှင်းလိုက်ကာ သူ့ကိုယ်သူ အဲ့အချိန်ကို ပြန်တွေးနေမိတာကို ရပ်တန့်လိုက်သည်။

'"အမ်း... , တော်တော်လေးကို တိုက်ဆိုင်တာပဲ"

သူ့အသံက ဩရှနေပြီး ကျန်းမြန်ရဲ့ အပြုံးက ပိုကျယ်ပြန့်လာကာ သူ့နှာသံကို ကြားနိုင်တဲ့ အသံနဲ့

"ဥက္ကဌကုန်း အအေးမိထားတာလား? နောက်ဆုံးအကြိမ် လေလံပွဲမှာတုန်းက ဥက္ကဌကုန်းက အလတ်ကြီးရှိပါသေးတယ်။ ဘယ်လိုလုပ်ဒီနေ့ ဖျားနေတာပါလိမ့် , ဝဋ်လည်တာတော့ မဖြစ်နိုင်ပါဘူး....  "

ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်းWhere stories live. Discover now