"မဖြစ်နိုင်တာ"ကျန်းမျန် ကြေကွဲနေတဲ့ နှလုံးသားနဲ့အတူ စမ်းသပ်ချောင်းကို ကြည့်လိုက်ရင်း သူ့ကိုယ်သူ စိတ်အေးစေရန်အားပေးလေသည် ။ စမ်းသပ်ချောင်းနဲ့ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေတာဘဲ ဖြစ်ရမယ် ။ အဲ့တာကြောင့် ရလဒ်က မတိကျတာနေမှာ ။
ဒါပေမဲ့ သူ စမ်းသပ်ချောင်း အားလုံးကို သုံးပြီးသွားတဲ့အခါမှာ သူ့ရှေ့မှာရှိနေတဲ့ တစ်ဒါဇင်သော စမ်းသပ်ချောင်းတွေက မျဉ်းနှစ်ကြောင်းတွေကို ကြည့်လိုက်လေသည်။ ကျန်းမျန် သူ့ကိုယ်သူ လက်ခံမယုံကြည်နိုင်တော့ဘဲ ဒီစမ်းသပ်ချောင်းတွေအားလုံးက တစ်ခုခုမှားနေလို့ဖြစ်မယ်။
"ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ ... ရှင်းရှင်းလင်းလင်းကို သူမွေးလမ်းကြောင်းထဲ မထည့်ခဲ့....... ကုန်းရွှင်ကျုံးက ကောင်းကင်ရဲ့သားတော်လားဟ"
အပြင်မှာတော့ လှပတဲ့ နွေဦးရက်လေးဆိုပေမဲ့ ကျန်းမျန်မှာတော့ မိုးသက်မုန်တိုင်းလို ချွေးတွေကျနေလေပြီ ။ သူတကယ်ကြီး ကုန်းရွှင်ကျုံးရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ ။
အစပိုင်းမှာ သူ့ရဲ့နားထဲမှာ မြည်ဟီးနေတဲ့ ကုန်းရွှင်ကျုံးရဲ့ ယုကြည်မှုလွန်ကဲနေတဲ့ စကားလုံးတွေက မကြာခင်မှာ သူ့ရဲ့ခေါင်းကို ပိတ်ရိုက်ကာ ခေါင်းမူးပြီး အသက်ရှုရပ်စေမဲ့ တကယ့်အဖြစ်အပျက်ဆိုတာကြီးကို သူမမျှော်လင့်ထားခဲ့ဘူး။
သူထိတ်လန့်သွားရင်း သူ့ရဲ့ စမ်းသပ်ချောင်းတွေကို ဖျက်ဆီး ပစ်လိုက်ပေမဲ့ သူ့ရဲ့ စမ်းသပ်ချက်သာ ပျောက်ကွယ်သွားနိုင်မည်ဆိုပေမဲ့ သူ့ရဲ့ဗိုက်ကတော့အဲ့လိုမဟုတ်ဘူး။
သူ့ရဲ့တုန်လှုပ်နေတဲ့လက်တွေနဲ့ သူ့ရဲ့အစာအိမ်ကို ကိုင်ကြည့်လိုက်သည်။မယုံနိုင်စရာကောင်းလောက်အောင် အသက်တစ်ချောင်းဒီထဲမှာ ရှိနေလေပြီ။ ပုံစံမပါ်သေးပေမဲ့ သေချာပေါက် ဒီထဲမှာ ရှိနေပြီ။
ကျန်းမျန်ရဲ့ စိတ်ထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးက ဖျက်ချလိုက်ဖို့ပဲ။ ကုန်းရွှင်ကျုံးသာ ဒီအကြောင်းကို ရှာတွေ့သွားရင် သူသေချာပေါက် အသတ်ခံရမှာ ။ ခန္ဓာကိုယ်တစ်ခုနဲ့ အသက်နှစ်ခုကို သတ်မဲ့အစား ၊ အဲ့ဒီ့အရာလေး ပုံစံမပေါ်ခင် ဖယ်ရှားလိုက်တာက ပိုကောင်းမယ်။

YOU ARE READING
ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်း
RomanceAuthor(s) - Hao Ju Yi Da Ju ( 好橘一大橘 ) Genre - Mature , Romance , Smut , Yaoi Status in COO - 28 Chapters + 2 Extras + 1 Easter Egg