လေလံပွဲပြီးတဲ့နောက်မှာ ကုန်းရွှင်ကျုံး အဖျားတစ်ခုနဲ့ ဆင်းလာခဲ့လိုက်သည် ။
ရွှီကျန်းရဲ့မျက်နှာက
'တွေ့တယ်မလား ပြောပါတယ်' ဆိုတဲ့ ပုံဖြစ်နေလေသည်။ သူဘာစကားမှ ပြောစရာမရှိတော့ဘူး ။ အဆုံးမှာ ခေါင်းစောင်းလိုက်ကာ ဆေးနဲ့ရေကို မြိုချလိုက်လေသည်။သူ့ခေါင်းအနောက်က အရမ်းလေးနေပြီ။ ဖန်သားပြင်ပေါ်က သေသပ်လှတဲ့ စာသားက သူ့မျက်လုံးထဲမှာတော့ ဗလုံးဗထွေးကုဒ်တွေဖြစ်နေပြီ ။ ကုန်းရွှင်ကျုံး သူ့ရဲ့ နှာရိုးနုကို ပွတ်လိုက်ကာမှ သူ့ရဲ့နှာခေါင်းပေါက်က သက်သက်သာသာဖြစ်သွားတော့သည်။
"ငါ့ကို ကော်ဖီတစ်ခွက်ပေး ၊ ခပ်ပျစ်ပျစ်လေး"
ရွှီကျန်းက ငြင်းဆိုလိုက်သည် "မင်းဆေးသောက်ပြီးပြီ ကော်ဖီသောက်လို့မရဘူး ။ အလုပ်မလုပ်ခင် ခဏတဖြုတ် နားနိုင်တယ် "
ကုန်းရွှင်ကျုံးက ပြန်လည်ချေပတော့မလို့ဘဲ ။ ဒါပေမဲ့ ဒီလိုကိစ္စတွေမှာ ရွှီကျန်းကို ပြိုင်မပြောနိုင်ဘူးဆိုတာကို သတိရလိုက်တယ် ။ ဒါကြောင့် သူရပ်လိုက်ကာ နားနေခန်းကို သွားလိုက်ရင်း "မင်း ယွီလိုင်စားသောက်ဆိုင်က သီးသန့်ခန်းကို ကြိုတင်စာရင်းပေးပြီးပြီလား"
"စိတ်မပူပါနဲ့ ဥက္ကဌကုန်း ၊ကျွန်တော် ဒီညအတွက်တင်းစုန့်ယွမ်ကို လွန်ခဲ့တဲ့ ငါးရက်ကတည်းက စာရင်းပေးပြီးပါပြီ"
(T/N-တင်းစုန့်ယွမ်က ယွီလိုင်စားသောက်ဆိုင်က သီးသန့်ခန်းရဲ့ နာမည်ပါ)
"မိနစ်နှစ်ဆယ်ကြာရင် ငါ့ကိုနှိုးလိုက်"
အဖျားနဲ့ အဖျားပျောက်ဆေးတို့ဆီက ပင်ပန်းနွမ်းနယ်မှုက သူ့ကိုလျင်လျင်မြန်မြန်ပဲ အိပ်မက်မက်စေခဲ့တယ် ။ အဲ့အိပ်မက်က ဗရမ်းဗတာနဲ့ ကျိုးကြောင်းဆီလျော်မှုမရှိဘူ။ အိပ်မက်မက်သူဟာ တစ်ခုခုမှားယွင်းနေတာကို သတိမမူနိုင်ခဲ့ပေ ။ ဒါကြောင့် ကုန်းရွှင်ကျုံးဟာ သူက သေချာပေါက်ကို အမှောင်ထဲမှာပဲဆိုပေမဲ့ ကျန်းမြန်ရဲ့မျက်နှာဟာ သူနဲ့လက်တစ်ကမ်းအလိုမှာ ဆိုတာကို သူမြင်နိုင်တယ်။
သူဟာ သူကိုယ်တိုင်ပဲ ချဉ်းကပ်သွားကာ သူ့ကို(ကျန်းမြန်ကို) ပွေ့ဖက်ထားလိုက်သည်။အဆုံးသတ်သွားတဲ့ အိပ်မက်ထဲမှာတော့ ကျန်းမြန်က လုံးဝန်းတဲ့ ဗိုက်ကြီးနဲ့ သူ့ရဲ့လက်မောင်းတွေကြားထဲ မှီလှဲနေကာ သူ့ကိုမေးလာသည် "လောင်ကုန်း , ငါတို့ကလေးအတွက် နာမည်ကောင်းက ဘာလေးဖြစ်မလဲ?"

YOU ARE READING
ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်း
RomanceAuthor(s) - Hao Ju Yi Da Ju ( 好橘一大橘 ) Genre - Mature , Romance , Smut , Yaoi Status in COO - 28 Chapters + 2 Extras + 1 Easter Egg