Part-1 ( အိပ်ခဲ့ကြတယ် )

845 76 0
                                    

မနက် 4နာရီ , ကြက်တွေမတွန်ခင်အချိန်လေးမှာပဲ ဥက္ကဌကုန်းဟာ သူ့ရဲ့ 2မီတာကျယ်တဲ့ အိပ်ယာကြီးပေါ်ကနေ နိုးထလာခဲ့ပြီး သူ့အနေနဲ့ အိပ်မက်တစ်ခုလို့ မှတ်ယူနားလည်ပြီးတဲ့နောက်မှာ စိတ်သက်သာစွာ သက်ပြင်းလေးချလိုက်တယ် ။

သူတကယ်ကြီးပဲ သူ့ရဲ့ ရန်သူတော် ကျန်းမျန်ကဗိုက်ပူနေပြီး သူ့ကို လောင်ကုန်းလို့ခေါ်ကာ သူ့ရဲ့မျိုးစေ့ကို သူ့ရဲ့ ဗိုက်ထဲမှာ သယ်ဆောင်ထားတယ်လို့ ပြောလာခဲ့တဲ့ အိပ်မက်ကို မက်ခဲ့တာ ။ သူမငြင်းခင်လေးမှာပဲ ကလေးက ရုတ်တရက်မွေး‌လာပြီး သူ့နောက်ကိုလိုက်ကာ သူ့ကို ဒယ်ဒီလို့ ခေါ်နေလေပြီ သူ့မှာ ဖယ်တောင်မရှားနိုင်ခဲ့ဘဲ အိပ်မက်ကနေ ပြင်းပြင်းထန်ထန် ကြောက်လန့်ကာ ကုန်းရွှင်ကျုံး နိုးလာလေသည်။

" ကံကောင်းလို့ပေါ့ အိပ်မက်ဖြစ်နေလို့ "

သူ့မှာ ချွေးအေးအေးတွေနဲ့ နိုးထလာခဲ့ပြီး ကပ်စီးစီးဖြစ်နေကာ အိပ်မရတော့ပေ ။ဒါကြောင့် ရိုးရိုးရှင်းရှင်းဘဲ အိပ်ယာထကာ ပြေးဖို့ သွားတော့သည် ။ သို့သော်ငြား သူ့ရဲ့စိတ်ကတော့ လွန်ခဲ့တဲ့ လဝက်က ညထံ ပြန်ရောက်သွားလေသည် ။

အဲ့ဒီ့ညတုန်းက သူက တွန်းလှဲခံရပြီး ဘယ်သူမှန်းမသိတဲ့ အိုမီဂါတစ်ယောက်ဆီကနေ ဖိအားပေးခံခဲ့ရသည် ။

အဲ့ဒီ့အချိန်တုန်းက သူက ထိတွေ့ခံစားလွယ်တဲ့ ကာလထဲ ရောက်နေကာ သူ့ရဲ့စိတ်တွေရှုပ်ထွေးနေခဲ့ပြီး ဆင်ခြေတုံတရားလည်းမရှိခဲ့ဘူး ။

သူ့အခန်းထဲကို ဇွတ်ဝင်လာတဲ့ အိုမီဂါလေးက ဝံပုလွေအုပ်ထဲ ရောက်လာတဲ့ ယုန်လေးလိုဘဲ ။ သူ့အနေနဲ့ အဲ့ဒီ့ အိုမီဂါလေးကို ထွက်သွားနိုင်ဖို့ သူ့ရဲ့ လှုံ့ဆော်မှုတွေကို အစွမ်းကုန် ခုခံထားခဲ့ပေမဲ့ အဲ့ဒီ့အိုမီဂါက တံခါးကို လက်နောက်ပြန် လော့ချလိုက်တယ် ။

အဲ့ဒီ့နောက်မှာ ဘာဆက်ဖြစ်လဲ ကုန်းရွှင်ကျုံး မမှတ်မိတော့ဘူး ။ အမှောင်ထဲမှာမလို့ အိုမီဂါရဲ့ မျက်နှာကို သူမြင်တောင်မမြင်ခဲ့ရဘူး ။နောက်တစ်နေ့ သူနိုးလာတဲ့အခါမှာ အခန်းထဲမှာ သူတစ်ယောက်ထဲဆိုတာပဲ ရှာတွေ့ခဲ့လိုက်တယ် ။ မနေ့ညက ရမ္မက်ကြီးပြီး ချစ်စိတ်ပြင်းပြနေတဲ့ အိုမီဂါလေးက သူနဲ့အိပ်ပြီးတဲ့နောက်မှာ ထွက်ပြေးသွားခဲ့ပြီ ။

ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်းWhere stories live. Discover now