Part -2 (ကိုယ်ဝန်ရှိပြီ )

577 68 0
                                    

ကုမ္ပဏီမှာ ကုန်းရွှင်ကျုံး ရုတ်တရက် နှစ်ကြိမ်တိုင်တိုင် နှာချေလိုက်သည် ။ သူ့ရဲ့လက်ထောက် ရွှီကျန်းက တိတ်တဆိတ်ပဲ အအေးမိပျောက်ဆေးကို ပြင်ဆင်ပေးလိုက်ပြီး အဲကွန်းလေကို ၂ဒီဂရီမြှင့်တင်ပေးလိုက်ကာ ချိန်ညှိပေးလိုက်လေသည်။ ကုန်းရွှင်ကျုံး တစ်ချက်ကြည့်လိုက်ကာ ဆေးမသောက်ပေ ။

သူကအမြဲတမ်းကျန်းမာပြီး လေ့ကျင့်ခန်းတွေလည်း လုံ့လဝီရိယရှိရှိလုပ်တာမလို့ သူ့အနေနဲ့ အလွယ်တကူ အအေးမိဖျားနာတာ မဖြစ်နိုင်ဘူး။

"စုံစမ်းစစ်ဆေးတာ အခြေအနေဘယ်လိုလဲ"

ရွှီကျန်း သူ့ရဲ့ခေါင်းကို တိတ်တိတ်လေး ခါလိုက်လေသည် ။

ကုန်းရွှင်ကျုံး သူ့လက်ထဲက စီမံကိန်းစာအုပ်ကို ပစ်ချလိုက်ကာ သည်းမခံနိုင်စွာ မတ်တပ်ရပ်လိုက်လေသည်။ အချိန်ကြာလေလေ အဲ့ဒီ့လူကို ရှာဖို့ ခက်လေဘဲဖြစ်မှာ ။ သုံးရက်မြောက်နေ့မှာ ရလဒ်ကို ခန့်မှန်းခဲ့ပေမဲ့ သူ့နှလုံးသားထဲမှာတော့ အဲ့ဒီ့အိုမီဂါကို မကြာမီမှာ ရှာတွေ့နိုင်ရမယ်လို့ ဆုံးဖြတ်ထားတုန်းဘဲ ။

ဖယ်ရိုမုန်းတွေက လူတစ်ယောက်ရဲ့ ဒုတိယ သက်သေခံကတ်ပြားဖြစ်ပြီး အဲ့ဒီ့အိုမီဂါက တစ်စွန်းတစ်စ ကျန်နေမဲ့ လက္ခဏာတွေကို မချန်ခဲ့ဘူး ။ ကုန်းရွှင်ကျုံးကိုယ်တိုင်လည်း အဲ့ဒီ့လူကို အမှတ်အသား လုပ်လိုက်သလား မလုပ်ဘူးလား မမှတ်မိတော့ ။ ဒါပေမဲ့ ရလဒ်တွေအရ မဖြစ်နိုင်တာမလို့ သူအမှတ်အသား မပေးခဲ့ပုံပါဘဲ ။ အဲ့တာကြောင့်လည်း ရှာရတာ အရမ်းခက်နေတာ ။

သို့သော်ငြား ကုန်းရွှင်ကျုံး အနည်းငယ် စိတ်သက်သာယာရသွားလေသည် ။ အမှတ်အသားမရှိဘူးဆိုရင် အဲ့ဒီ့အိုမီဂါ ကိုယ်ဝန်ရနိုင်ချေက မပြောပလောက်အောင်  အရမ်းနည်းသွားပြီ မလို့ သူစိတ်အပူဆုံး အရာ ဖြစ်မလာနိုင်တော့ပေ။

ရွှီကျန်း အဲ့ဒီ့အိုမီဂါကို ရှာရင်းနဲ့ အမှတ်မထင်တွေ့ခဲ့တဲ့ အရာလေးတွေ သူ့ရဲ့လက်ထဲမှာ စာမျက်နှာအနည်းငယ်နဲ့ ရှိတုန်းဘဲ ။

"ကျွန်တော်တို့လူတွေအပြင် အဲ့ဒီ့အိုမီဂါရဲ့ အကြောင်းကို ရှာဖွေနေတဲ့ လူတွေရှိပုံရတယ် ။ အကြောင်းအရင်းကို မသိပေမဲ့ ကျွန်တော့အထင်တော့ အဲ့ဒီ့အိုမီဂါ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုပြီး သူတို့ရှာနေကြတာနေမယ်"

ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်းWhere stories live. Discover now