Part -4

491 76 4
                                    


"အရှက်မရှိတဲ့ ဆန်ကုန်မြေလေးကွာ!"

ကျန်းရှန် မခံမရပ်နိုင်စွာပဲ ကျိန်ဆဲလိုက်တယ်။သူက သိက္ခာရှိပြီး တည်ငြိမ်တဲ့ လူတစ်ယောက် ။ လူတွေကိုလည်း သိပ်ပြီး ဆူပူလေ့မရှိဘူး ။ သူ့ရဲ့ ခံနိုင်ရည် ကုန်သွားတဲ့အခါမှာတော့ ကျိန်ဆဲတဲ့စကားလုံးတွေကို အကြိမ်များစွာ မရပ်ခင်အထိ ထပ်ခါထပ်ခါ ပြောနေလေသည်။ ကျန်းမျန် ပိုပြီးနားထောင်လေလေ သူပိုပြီး စိတ်မသိုးမသန့်ဖြစ်လာလေပဲ ။ ကံကောင်းတာက သူ့အစ်ကိုကြီးက ဘယ်လို ဆဲရမလဲ မသိတာမလို့ အဲ့လိုမှမဟုတ်ရင် အဲ့နေရာမှာတင်ပဲ သူခါးခါးသီးသီးငိုကြွေးကာ ဒူးထောက်ရင်း နောင်တရနေပေလိမ့်မည်။

"ရပါပြီ အစ်ကိုကြီးရဲ့ ။ မင်းဒီလိုကျိန်ဆဲနေရင်တောင် သူမှမကြားရတာ ။ ဒေါသမထွက်ပါနဲ့ ကိုယ့်ကျန်းမာရေးကို မထိခိုက်နဲ့"

ကျန်းမျန် သူ့ဖို့ ရေတစ်ခွက် လောင်းထည့်ပေးလိုက်သည်။ ကျန်းရှန်ရဲ့ ပါးစပ်က ကျိန်ဆဲရတာကြောင့် ခြောက်သွေ့နေပြီ ။ သူ့ရဲ့စိတ်တည်ငြိမ်မှုတွေပြန်မရခင်မှာ သူ့လည်ချောင်းကို ရေဓာတ်ဖြည့်လိုက်လေသည်။

"ဒါဆိုအဲ့ဒီ့ကလေးကို......"

"ကျွန်တော်မွေးချင်တယ်"

ဒီလိုပြသနာတွေဖြစ်ပြီးတာတောင်မှ ကျန်းမျန် ကလေးကို မွေးချင်တုန်းပဲ။

အချက်အလက်အားဖြင့်တော့ သူ့ကိုယ်သူ သိပါတယ် ။ ဘယ်အယ်လ်ဖာကမှ သူ့လို အိုမီဂါကို သဘောမကျလောက်ဘူး ။ အရက်သောက်တယ် ၊ ရန်ဖြစ်တယ် ၊ ရိုင်းစိုင်းတယ် ၊ မောက်မာတယ် ။ အနာဂတ်မှာလည်း သူမလိုအပ်ပဲ လက်မထပ်ပါဘူး ။ ဒါပေမဲ့ သူ သူ့ရဲ့ကိုယ်ပိုင် ကလေးကိုတော့ လိုချင်တယ် ။

(T/N-ကိုယ်တွေ ရှောင်မျန်ရန်လေးက အဆိုးလေး)

ကိုယ်ဝန်ရလာတာ မတော်တဆ ဆိုပေမဲ့လည်း အခု ကျန်းမျန်အတွက်ကတော့ မမျှော်လင့်ထားတဲ့ ဝမ်းသားမှုလေးဖြစ်သည်။

ကျန်းရှန်ရဲ့ စိတ်ထဲမှာတော့ ချက်ချင်းပဲ ကလေးအတွက် မူကြိုကျောင်းကိုတောင် ဘယ်ထားရမလဲ စီစဉ်နေပြီ ဖြစ်တယ်။

(T/N-ဒီလိုအစ်ကိုကြီးမျိုး ဘယ်ကနေ ဝယ်ရမလဲ)

ကျန်းမျန်ရဲ့ လက်ကို ပုတ်လိုက်ကာ ပြောလိုက်သည် ။

ပြိုင်ဘက်ရန်သူတော်ကြီးရဲ့ သားပေါက်လေးနဲ့အတူ ထွက်ပြေးခြင်းWhere stories live. Discover now