6

39.2K 508 14
                                    

Unicode

"ကောင်စုတ်လေး.... မင်းဒယ်ဒီကိုမထိနဲ့!"

ဒါက ပါးပါးငယ်လင်းခ ဖုန်းဆက်ဆက်ချင်းပြောလာတဲ့စကား။

ရေး ပခုံးတွန့်ပြီး ဒယ်ဒီ့နောက်ကို သနားစဖွယ်ဝင်ပုန်းလိုက်သည်။

ဒယ်ဒီကတော့ ပါးပါးငယ်ကို ခပ်ဖွဖွဆူလေရဲ့။

"ကလေးကိုမခြောက်နဲ့...... ဟိုကိုရောက်ပြီလား အဆင်ရောပြေလား"

"ပြေပါတယ်...... အထွေအထူးရယ်လို့မရှိဘူး ဒီတိုင်းပြဿနာနည်းနည်းပဲ ရက်နည်းနည်းပဲကြာမှာ"

"ကောင်းကောင်းဖြေရှင်းလာခဲ့လေ...... ဖေဖေ စောင့်နေမယ်"

မူလက မကြည်မသာမျက်နှာခန့်ချောချောသည် ထိုစကားတစ်ခွန်းတည်းနဲ့ ကြည်ရွှင်လာခဲ့၏။ သူက ပြန်ပြောရင်ပြင်တုန်း အသံတစ်သံကား ကြားဖြတ်၍.....

"ဒါပေမယ့် သားသားကတော့စောင့်မနေဘူးနော်...... ဒါကြောင့်အများကြီးပျော်ခဲ့ပြီးမှပြန်လာ"

ဒါမှမဟုတ်လည်း ဒီကနေလှမ်းပြီး ပြဿနာနည်းနည်းရှာပေးလိုက်တာပေါ့။

သူ့အတွေးမဆုံးလိုက်ခင် နဖူးအတောက်ခံလိုက်ရတော့သည်။

"ဒယ်ဒီကလည်း....."

ပါးပါးက ဒေါသတကြီး.....

"ဘယ်သူက မင်းစောင့်နေမှာကိုမျှော်နေလို့လဲ ထပ်ပြောလိုက်မယ် မင်းဒယ်ဒီကိုလုံးဝလုံးဝမထိနဲ့......."

ရေးပြန်မပြောခင် ဒယ်ဒီကတားလိုက်သည်။

ပါးပါးငယ်ကအလုပ်ဖိအားနဲ့မို့ စိတ်မဆိုးချင်တာဖြစ်လိမ့်မည်။ ရေး လိမ်လိမ်မာမာပဲ ပါးစပ်ပိတ်ပြီး ဒယ်ဒီ့ပခုံးပေါ်မေးတင်ကာ ဆူပုပ်ပုပ်လုပ်လိုက်သည်။

တကယ်တော့အိမ်မှာအလိုလိုက်ခံကဆုံးကလေးက သူပါပဲ။

"ကလေးကိုမဆူဘဲ အာရုံစိုက်ပါဦး"

"ကျွန်တော့်ကိုသူဆွနေတာကိုး..... ပြီးတော့ ဒယ်ဒီကျွန်တော်မရှိတုန်း ဂရုစိုက်ရမယ်နော် အိမ်သန့်ရှင်းရေးတို့ဘာတို့ဆိုလူပဲခေါ်လိုက် ကိုယ်တိုင်မလုပ်နဲ့"

"သိပါပြီ"

"မီးဖိုချောင်ဝင်တာကလည်း အပျော်တမ်းဆိုရပြီ..... ခြံထဲကမြက်တွေကိုလည်း တစ်ယောက်တည်းလျှောက်ညှိမနေနဲ့ဦး"

Psychopath (completed) Where stories live. Discover now