12

30K 385 0
                                    


"မင်းပြဿနာရှာထားပြန်ပြီလား....."

မနက်စာစားနေသည့် လှိုင်းက သူ့ရှေ့ကလူရဲ့အမေးကို စိတ်မဝင်စား။

ထိုလူဒေါသထွက်သွားကာ ဒေါသတကြီးအော်သံဖြင့်.....

"မင်းအဖေငါက မင်းကိုမေးနေတယ်! အဏ္ဏဝါလှိုင်း!"

"ခင်ဗျားက ကျုပ်ပထွေး"

မျက်မှန်အောက်က အသက်မပါသောမျက်ဝန်းတို့ဖြင့် လှိုင်းမော့ကြည့်လိုက်သည်။

ထိုအကြည့်ကြောင့် အေရှားမှာ စိတ်ထဲကနေ လန့်သွားခဲ့လေသည်။

ဒီကောင်စုတ်လေးက ကြာလေဘာလို့လန့်စရာကောင်းလာလေလို့ သူထင်မိရတာလဲ။

"မင်း......"

"နံနက်စာကိုအေးဆေးမစားနိုင်ဘူးလား လှိုင်း"

ထိုသို့ဝင်ပြောလာသူက သူ၏မိခင် သင်းရနံ့။

သူ့ဘာသာ အေးဆေးစားနေတာပဲမဟုတ်ဘူးလား။ ဘယ်သူက စောက်စကားထများတာလဲ။

"ကျွန်တော်ဝပြီ"

လှိုင်းထဖို့လုပ်တော့ မိခင်ဖြစ်သူကအော်ငေါက်လာပြန်သည်။

"ဒါဘယ်လဲ...... အစားအစာကိုမဖြုန်းတီးရမှန်းမသိဘူးလား ပြန်ထိုင်စမ်း!"

လှိုင်း၏ကိုယ်သည် ဖြည်းညင်းစွာပြန်လှည့်ပြီး သူ၏မိခင်ကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။

ထို့နောက် မျက်မှန်ကိုတစ်ချက်ပင့်ကာ တစ်ဝက်မျှကျန်နေသေးသောထမင်းကြော်ပန်းကန်ကို လက်နှစ်ဖက်ဖြင့်မ,၍ လွှတ်ချလိုက်ရာ ခွမ်းခနဲအသံနဲ့အတူ ကြွေကွဲစနဲ့အစားအသောက်များက အောက်တစ်လျှောက်ပြန့်ကျဲသွားလေသည်။

လှိုင်း စားပွဲခုံပေါ်လက်နှစ်ဖက်ထောက်၍ တစ်လုံးချင်းဖြင့်.....

"ကျွန်တော်ဘာမှမလုပ်သေးတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့"

ပြောပြီးနောက် အပေါ်ထပ်ဆီလှည့်ထွက်လာခဲ့လိုက်သည်။

အနောက်မှာတော့ယမ်းပုံမီးကျဒေါသထွက်သံများ ဆူညံနေလျက်သား။

အစားအသောက်ကိုမဖြုန်းတီးရဘူးတဲ့လား။

ငါးနှစ်သားတုန်းက အဖြစ်အပျက်တစ်ခုကို သူ၏မှတ်ဉာဏ်မှပြန်လည်ရရှိလိုက်သည်။

Psychopath (completed) Where stories live. Discover now