လှိုင်း နာရီကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ကလေးကစားကွင်းဂိတ်ဝဆီ အကြည့်ပြန်ပို့လိုက်၏။ နေ့လယ်ခင်းကျောင်းဆင်းကတည်းက သူဒီကိုရောက်နေခဲ့တာဖြစ်သည်။
ဒီနေ့က သူ့ညီက အတန်းဖော်တွေနဲ့လျှောက်လည်တဲ့နေ့။
မနက်ကိုးနာရီမှာစပြီး သုံးနာရီအချိန်ကြာမှာမို့ ဆယ့်နှစ်နာရီလောက်ဆို ပြန်ထွက်လာသင့်ပြီ မဟုတ်ပါလား။ သို့ရာတွင် ဆယ့်နှစ်နာရီ လေးဆယ့်ငါးမိနစ်ရှိပြီ၊ သူ့ညီတို့အဖွဲ့ကထွက်မလာသေး။
လှိုင်းထရပ်ပြီး ကဖီဆိုင်မှထွက်ကာ ဂိတ်ဝဆီခြေလှမ်းကျမ်းကျမ်းနဲ့လျှောက်သွား၍ ဝင်ကြေးပေးလိုက်သည်။
ငယ်ရွယ်ချောမောတဲ့သူ့မျက်နှာက သိမ်သိမ်မွေ့မွေ့ရှိနေတုန်းဆိုပေမယ့် မျက်မှန်အောက်မျက်ဝန်းသည် အသူတရာချောက်ကဲ့သို့ နက်ရှိုင်းလှသည်။
..........
.........."ဘယ်လိုလုပ်ကြမလဲ...... ကလေးတွေကိုအခုထိပြန်မတွေ့သေးဘူး"
အလုပ်သင်ဆရာမတစ်ယောက်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လူစုချိန်မှာမှ ကလေးတွေပျောက်သွားမှန်း သူတို့သိလိုက်တာဖြစ်ပြီး မိဘကိုလည်းခေါ်ပြီးအသိမပေးရဲချေ။ ရဲဆိုရင် ပိုဆိုးသေး။
"တစ်ခါလောက်ထပ်ရှာကြည့်ကြတာပေါ့ အဲ့တာမှမတွေ့သေးရင်လည်း........"
သူတို့စကားပြောနေစဥ် အထက်တန်းကျောင်းယူနီဖောင်းနှင့် မျက်မှန်တပ်ထားသည့်ကျောင်းသားလေးတစ်ယောက်က အနားရောက်ရှိလာခဲ့သည်။
"ဒီက......"
လှိုင်း သူ့ညီကိုမတွေ့တာနဲ့ ချက်ချင်းမေးလိုက်သည်။
"မိုးဦးမုတ်သုန်ရဲ့အစ်ကိုပါ..... ကျွန်တော့်ညီရော"
ထိုနှစ်ယောက်က မျက်နှာပျက်သွားသည်ကိုကြည့်ခြင်းအားဖြင့် လှိုင်းသိလိုက်သည်။
ပြန်လည်အော်ခေါ်သံကိုပင် ဂရုမစိုက်တော့ဘဲ လုံခြုံရေးဌာနသို့ အမြန်ဆုံးလှည့်ထွက်လာခဲ့လိုက်၏။
သူတို့ကိုအတုယူ၍ ယခုရက်ပိုင်း တခြားဒုစရိုက်သမားများက လှုပ်ရှားလာကြသည်။ အထူးသဖြင့် ကလေးသူခိုးနဲ့ မုဒိန်းကောင်တွေ။
YOU ARE READING
Psychopath (completed)
Short Storyလိုးစာဆိုတဲ့အထဲကမှ လုံးဝလုံးဝ အနုတ်လက္ခဏာဘက်ပြတဲ့၊ အကန့်အသတ်ကိုကျော်လွန်တဲ့ ၊ အမှိုက်သရိုက်ဆန်တဲ့လိုးစာအမျိုးအစားမို့ Warningများကိုသေချာကြည့်စေချင်ပါတယ်ဗျ။