ကျောင်းတွင်းအခြေအနေသည် နှစ်ရက်အတွင်း ဗရမ်းဗတာဖြစ်ကုန်သည်။
အဆောင်နေကျောင်းသားများက ပိုဆိုးလေသည်။
စုံတွဲများက လစ်ရင်လစ်သလို အတန်းပျက်ကြပြီး စာသင်ချိန်ရပ်နားစဥ်မှာလည်း ချောင်ကြိုချောင်ကြားသွား၍ အဖွယ်မရာများပြုနေတတ်၏။
ကျောင်းအုပ်ရော ဆရာများကပါ ထိုအခြေနေများကိုသိပေမယ့် လက်ပူးလက်ကြပ်ဖမ်းမမိနိုင်ကြ။
"ဒီတိုင်းဆက်သွားလို့တော့မဖြစ်ဘူး.... မဟုတ်ရင်"
မဟုတ်ရင် ကျောင်းက လုံးလုံးကိုဖာတန်းဖြစ်တော့မည်။
ကျောင်းအုပ်ကြီးမှာ ခေါင်းကိုက်နေဟန်ပေါ်ပြီး အတန်းပိုင်များကိုစုခေါ်၍ အမိန့်ပေးလိုက်သည်။
"ဒီညနေကျောင်းဆင်းရင်ကြေညာလိုက် နောက်တစ်ရက်ကြရင် စုဝေးဖို့ခန်းမဆောင်လာခဲ့ကြ...... ငါပြောစရာရှိတယ်"
လက်ချာများပို့ချပြီး ခြိမ်းခြောက်သင့်တန်ခြိမ်းခြောက်ရမည်။ ဆယ်ကျော်သက်များကို ဒီနည်းနဲ့ထိန်းမရတော့ပါက သူ့ကျောင်းကိုပိတ်လိုက်ရုံသာရှိတော့မည်။
........
........ကျောင်းအုပ်၏ကြေညာချက်ကိုကြားသောအခါ လှိုင်း တခစ်ခစ်နဲ့ထရယ်တော့၏။
သူ့ဘေးက ရေး*ကိုလည်း လက်တို့၍.......
"စိတ်ဝင်စားစရာကောင်းတာတစ်ခုခုမလုပ်ချင်ဘူးလား"
"ပြဿနာမရှာနဲ့"
"အိုး...... ငါက ပြဿနာရှာရတာကြိုက်တယ်လေ"
စိတ်မဝင်စားစွာစာဆက်ရေးနေတဲ့ရေးကြောင့် လှိုင်းမှာ အားမလိုအားမရဖြင့်.....
"မင်းဘာဖြစ်လို့ ဒီလောက်သူတော်ကောင်းယောင်ဆောင်နေရတာလဲ မင်းဘာမှမလှုပ်ရှားဘူးဆိုတာငါမယုံဘူး"
ရေးမှာ ဘောပင်ကိုချပြီး တည်ငြိမ်စွာဖြင့်လှည့်ကြည့်လာ၏။
"Sea....."
"အွန်ဟွန်း"
"ငါ planချထားတာတွေမှအများကြီးပဲ ဒါပေမယ့် မင်းရောက်လာကတည်းက....."
YOU ARE READING
Psychopath (completed)
Short Storyလိုးစာဆိုတဲ့အထဲကမှ လုံးဝလုံးဝ အနုတ်လက္ခဏာဘက်ပြတဲ့၊ အကန့်အသတ်ကိုကျော်လွန်တဲ့ ၊ အမှိုက်သရိုက်ဆန်တဲ့လိုးစာအမျိုးအစားမို့ Warningများကိုသေချာကြည့်စေချင်ပါတယ်ဗျ။