1

70.7K 727 31
                                    

Unicode

"လုံခြုံရေးဝန်ထမ်းနှစ်ယောက်က ရင်ခွဲရုံဆီသွားဖို့ ငါ့နောက်လိုက်ခဲ့...... တစ်ယောက်ယောက်က CCTVမှတ်တမ်းတွေကိုစစ်ဖို့ ကြိုပြင်ဆင်ထား.... မြန်မြန်"

နှင်းမိုးရွာသည့် မနက်ခင်းတစ်ခုတွင် ဆေးရုံဝန်ထမ်းအချို့မှာ မအေးချမ်းနိုင်။ မနေ့ညက ရင်ခွင်ရုံဆီပို့ခဲ့တဲ့အလောင်းသည် သူတို့ကိုအေးဆေးမနေရအောင် လုပ်ဆောင်နေသည်။

ခြေရာလက်ရာမပျက်သလို သဲလွန်စပင်ကောက်မရသည့် အနေအထားတစ်ခုမှာ အလောင်းကားပျောက်နေခဲ့သည်။

ဆရာဝန်သည် မသက်မသာဖြစ်ကာ Codeနံပါတ်များဖြင့် သော့ခတ်ပိတ်ထားတဲ့ အလောင်းစင်များကိုကြည့်နေခဲ့သည်။

လူတိုင်းကချွေးပျံနေကြ၏။

ဒီသတင်းသာပေါက်ကြားခဲ့ရင်ဘယ်လိုလုပ်ရပါ့။ သူတို့ဆေးရုံနာမည်ပျက်မှာ အသေအချာပဲ။

"တစ်ခုခုထူးသေးလား"

ဆေးရုံအုပ်သည် မှောင်မဲနေသောမျက်နှာဖြင့် ဆေးရုံသို့ အဆောတလျင်ရောက်ရှိလာခဲ့သည်။ လုံခြုံရေးတာဝန်ခံက ခေါင်းကိုခါပြ၍.......

"ကျွန်တော်တို့ရဲကိုအကြောင်းကြားလိုက်ရမလား"

ဆေးရုံအုပ်သည် အကြာကြီးတွေးနေခဲ့ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

"မိသားစုဝင်တွေကိုပါ အကြောင်းကြားထားလိုက် ဒါအတွက်စစ်ဆေးမှုလုပ်မှဖြစ်တော့မယ်"

ဖြစ်နိုင်ရင် သူက ရဲမတိုင်ချင်။
သို့သော် ဒါနဲ့ပါဆို သူတို့ပျောက်တာ တစ်လောင်းတည်းမဟုတ်တော့ဘဲ နှစ်လောင်းရှိနေပြီ။  ဒီအတိုင်းသာထားခဲ့ရင် ပိုပြီးဆိုးရွားလာတာပဲရှိမည်။

-----------
-----------

[ မနက်ခင်းသတင်းကြေညာချက် - မနေ့ည 11 : 45မိနစ်၌ ရင်ခွဲရုံဆီပို့ဆောင်ခဲ့သောအလောင်းသည် ခန့်မှန်းခြေ ယနေ့နံနက်  1နာရီဝန်းကျင်အချိန်တွင် ပျောက်ဆုံးသွားခဲ့ပါတယ်။  သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး.....]

ကျောင်းကားတွင်းရှိအသံလွှင့်စက်မှာ ထွက်ပေါ်လာတဲ့ မနက်ခင်းကြားဖြတ်သတင်းကြေညာချက်ကြောင့် ကျောင်းသားတိုင်းထိတ်လန့်သွားကြသည်။

Psychopath (completed) Where stories live. Discover now