အခန်း၏ထောင့်တစ်နေရာ၌ လူတစ်ယောက်ဟာကြိုးချည်ခံထားရပြီး လှိုင်းက ထိုသို့လျှောက်သွားကာ ပါးစပ်ကပိတ်ထားသော တိပ်ကို ဆွဲခွာလိုက်၏။
"မင်း....."
ဖြောင်း!
ထိုလူပါးစပ်မဟရသေးခင် လှိုင်းက လက်ပြန်ရိုက်ထည့်လိုက်သည်။
Pianoကိုတီးခတ်ခဲ့သော လက်ချောင်းများဟု မထင်ရလောက်အောင်ထိ ထိုလူ၏ပါးစောင်မှာ နီရဲရောင်ကိုင်းလာခဲ့သည်။
လှိုင်း ကင်မရာဘက်ကိုလှည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ခေါင်းကိုအသာငဲ့၍.....
"Hello...... ကျွန်တော်တို့တွေ့ကြပြန်ပြီနော်"
ကောမန့်ဟာ ချက်ချင်းပေါက်ကွဲထွက်တော့သည်။
အများစုမှာ သူ့ကိုယ်သူထုတ်ဖော်ပြသမှုနဲ့ သူဖမ်းထားတဲ့သူကို ဘယ်နည်းနဲ့ညည်းဆဲပြီးသတ်သင့်ကြောင်းများသာ။
လှိုင်းက ထိုလူနဲ့မျက်နှာချင်းဆိုင် အနားကခုံတစ်ခုံကိုဆွဲခွထိုင်၍ ကောမန့်များကိုပျင်းရိပျင်းတွဲဖတ်နေ၏။
" ဒီလူကိုဘယ်လိုသတ်သင့်သလဲ? ဟုတ်လား......
အဖြေကရိုးရှင်းတာပဲမဟုတ်ဘူးလား မသန့်ရှင်းတဲ့သွေးတွေက ကိုယ်ထဲမှာလှည့်ပတ်စီးဆင်းနေရင် သန့်ရှင်းသွားအောင်ဖောက်ထုတ်ပစ်ရမယ်....... ခင်ဗျားတို့ဘယ်လိုထင်လဲ"
လှိုင်းက စိတ်မသက်သာသလိုသက်ပြင်းချသည်။
"ဒါပေမယ့် ဆိုးတာပဲ...... ဒီလူရဲ့နှလုံးသားကညစ်ထေးပြီး မင်းသူ့သွေးကိုဖောက်ထုတ်ပစ်ရင်တောင် သန့်ရှင်းစေနိုင်မှာမဟုတ်ဘူး ဘုရားသခင်ကိုစိတ်ဆိုးစေမိလိမ့်မယ်"
ဘယ်အချိန်ကတည်းကမှန်းမသိ လက်ထဲမှာပေါ်လာတဲ့ ဓားပါးလေးကိုလှည့်ပတ်ကစားနေရင်း........
"ဒါကြောင့် ကျွန်တော်ကပဲ သူ့အတွက်သန့်ရှင်းမှုပေးပြီး ဘုရားသခင်ကိုအမျက်တော်ဖြည်ပေးရမှာပေါ့"
လှိုင်းကပြောရင်း သူ့ရှေ့ကလူအနားကိုတိုးကပ်သွားခဲ့သည်။
"မင်း...... မင်းရူးနေလား ဘာကိုသန့်ရှင်းမှုလဲ ဘာကိူဘုရားသခင်း"
YOU ARE READING
Psychopath (completed)
Short Storyလိုးစာဆိုတဲ့အထဲကမှ လုံးဝလုံးဝ အနုတ်လက္ခဏာဘက်ပြတဲ့၊ အကန့်အသတ်ကိုကျော်လွန်တဲ့ ၊ အမှိုက်သရိုက်ဆန်တဲ့လိုးစာအမျိုးအစားမို့ Warningများကိုသေချာကြည့်စေချင်ပါတယ်ဗျ။