24

35.6K 392 18
                                    

ရေးနဲ့သူ့အဖေပြန်သွားပြီးနောက် လှိုင်းသည်လည်း ပြန်ဖို့ရန်ပြင်သည်။ ကျောင်းဝင်းအပြင်သို့ ရောက်လာချိန်တွင် ဗရမ်းဗတာဖြစ်နေသောမြို့အခြေအနေနှင့် ပြေးလွှားနေကြသောရဲများကို မြင်လိုက်ရသဖြင့် နတ်ဆိုးဆန်စွာပြုံးလိုက်လေ၏။

ကြည့်ရတာ မြို့ထဲကတခြားအဖွဲ့ဝင်တွေသည်လည်း စတင်နေကြပြီထင်။

အညောင်းအညာပြေအကြောဆန့်၍ ကားထဲဝင်ဖို့လုပ်တုန်း ဒင်'ခနဲအသံနဲ့အတူ ကျည်ဆန်တစ်ခုက သူ့အနားတွင်ပြုတ်ကျလာခဲ့သည်။

ကားတံခါးဖွင့်ရင်းတန်းလန်းနဲ့ လှိုင်းလည်ပြန်ငုံ့ကြည့်၍ မုဆိုးဒူးထောက်ထိုင်ကာကောက်ယူပြီး ကျည်ဆန်လာရာဘက်ကိုမော့ကြည့်လိုက်သည်။

ခုနလေးတင် သူတို့နဲ့စကားပြောနေခဲ့တဲ့အရာရှိက ကျောင်းဂိတ်ဝကိုပြန်လည်ရောက်ရှိလာပြီး သူ့လိုပဲထွက်သွားတော့မယ့်ပုံ။

မတူတာက သူကသူ့ညီဆီပြန်ပြီးအေးဆေးနှပ်နေမှာဖြစ်ပြီး အရာရှိက မြို့ထဲကအခြေနေတွေကိုထိန်းချုပ်ဖို့ဖြစ်သည်။ သူ့ကိုတွေ့လိုက်တော့ စိတ်မထိန်းနိုင်ဘဲ ပစ်လိုက်တာဖြစ်ရမည်။

ကံမကောင်းစွာဘဲ သူတို့၏ အဆင်မြှင့်ထားသော ခေတ်ရှေ့ပြေးအကာအရံပစ္စည်းက ကိုယ်ပေါ်မှာတပ်ဆင်လိုက်သည်နှင့် သူတို့နဲ့အတူအမြဲပါနေမှာဖြစ်သလို အတိုင်းအတာတစ်ခုအထိလည်း ကျုံ့နိုင်ဆန့်နိုင်သည်။

ဒါကြောင့်ပဲ အစိုးရက ၎င်းလိုအရာမျိုးကိုစမ်းသပ်ပြုလုပ်ခွင့်ပိတ်ပင်ထားတာ။

လှိုင်းမတ်တပ်ပြန်ရပ်ကာ အရာရှိဘက်လှည့်လိုက်၏။

ထို့နောက် လျှာကိုဆန့်ထုတ်ပြီး ထိုလျှာပေါ်သို့ လက်ခလည်တင်၍ မျက်လုံးမှေးစင်းပြလိုက်သည်။

"Fuck!"

အော်သံနဲ့အတူထပ်မံရောက်ရှိလာသည်က နောက်ကျည်ဆံတစ်တောင့်။

လှိုင်း တခစ်ခစ်ရယ်ရင်း ကားပေါ်ဝင်ထိုင်ကာ အရာရှိကြီးကိုလက်ပြနှုတ်ဆက်လိုက်လေသည်။

"Bye....."

ထိုလူတွေဘယ်လောက်ပဲ ဒေါသထွက်ပြီး သူတို့ကိုဖမ်းချုပ်ချင်နေပါစေ၊ ဆက်သွယ်ရေး ကွန်ယက်တစ်ခုလုံးက သူတို့လက်အောက်မှာမို့ အကူခေါ်နိုင်မှာမဟုတ်ပေ။ ထို့ပြင် ဒီမြို့လေးက သီးသန့်ဆန်တာမို့ တခြားဒေသကလူတွေသတိပြုမိဖို့ခဲယဥ်းပေမည်။

Psychopath (completed) Where stories live. Discover now