16

27.9K 492 10
                                    

သူ၏အပြုံးမှာ ညင်သာပြီး အစစ်အမှန်လား၊ အတုအယောင်ဆိုတာကတော့ ထုတ်ဖော်ပြောရခက်သည်။

ဆိုဖာပေါ်မှာ သူ့ကိုသတိအနေအထားနဲ့ ကြည့်နေတဲ့ ကောင်မလေးဆီ လှိုင်းလျှောက်သွားကာ သူမရှေ့၌ဒူးထောက်ထိုင်ချလိုက်သည်။

သူက ကောင်မလေး၏မျက်နှာကို အောက်ကနေပင့်ကြည့်၍ ခေါင်းကိုအသာစောင်းကာ.....

"နောက်ဆို မင်းဘာစားချင်လဲပြောလေ ငါဝယ်လာပေးမယ်"

ကောင်မလေးကား မလှုပ်မယက် သူ့ကိုစိုက်ကြည့်နေလေ၏။ ထိုကောင်မလေးမှာ သူဖမ်းခေါ်လာခဲ့သည့်ကျောင်းသူလေးဖြစ်သည်။

လှိုင်းက မသဲမကွဲရေရွတ်လိုက်ကာ......

"ဆေးလည်းမခတ်ထားပါဘူး စိတ်သန့်သန့်နဲ့စားလို့ရပါတယ်...... ဒါမှ နေမကောင်းမဖြစ်မှာ"

"နင်ငါ့ဆီက ဘာလိုချင်တာလဲ"

လှိုင်း.... သူ့လက်ထဲကပန်းကန်ကို ဘေးမှာချလိုက်ပြီးနောက် မျက်ခုံးကိုလက်ညိုးနဲ့အသာကုတ်ခြစ်၍......

"လိုချင်တာလား....... ဟမ်? မင်းဆီက သီးသန့်လိုချင်တာမျိုးရယ်လို့တော့ မရှိပါဘူး"

"ဒါဆို နင်ငါ့ကိုဘာလို့ဖမ်းခေါ်လာတာလဲ"

လှိုင်း ဒူးခေါင်းအထက်နား လက်ဖြင့်ထောက်၍ မတ်တပ်ပြန်ရပ်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ စိတ်မရှည်တော့သည့်နှယ်ဖြစ်နေသော်လည်း လေသံကမူချောမွေ့နေဆဲ။

"မင်းက ငါသတိပေးထားတာကိုဂရုမစိုက်လို့လေ"

"ဒါဆို တရားခံကနင်ပေါ့!"

"မသိသာလို့လား....."

ဝုန်းခနဲထရပ်ပြီး အော်လာတဲ့ကောင်မလေးနဲ့ဆန့်ကျင်စွာ လှိုင်းက ရေတစ်ခွက်ကိုတောင် စိမ်ပြေနပြေသွားငှဲ့သောက်လိုက်သေးသည်။

"လူယုတ်မာ!!"

ကောင်မလေးကို သူကြိုးမချည်ထားချေ။ ဒါကြောင့်မို့ ဟိုကဒေါသတကြီးပြေးလာတော့ သူအသာရှောင်ကာ ပြောလိုက်သည်။

"ဟေး...... သတိထား မင်းကြက်ဥကို ဖိတ်ကျစေမိရင် ဒီည ညစာမစားရဘဲနေလိမ့်မယ်"

Psychopath (completed) Where stories live. Discover now