13

35.7K 469 0
                                    

(အဓိကဇာတ်ဆောင်က ရေး*တစ်ယောက်တည်းမဟုတ်ဘဲ လှိုင်းနဲ့အတူအလှည့်ကျပါမှာဖြစ်သလို တခြားလူတွေလည်းပါလာမှာပါ ဒါကြောင့် တစ်ယောက်ယောက်က အပိုင်းတစ်ခုနှစ်ခုဆီကနေ လုံးဝပါမလာတာမျိုးရှိနေမှာ)

..........
..........

"ရဲစခန်းကဖုန်းဆက်လာတယ် မင်းဆီကနေ အတည်ပြုစရာမေးခွန်းတွေရှိလို့ဘယ်အချိန်လောက်များ အဆင်ပြေမလဲတဲ့....

ကျောင်းအုပ်ကလည်း ခဏခဏဖုန်းဆက်ပြီးအခြေအနေကိုမေးနေတယ် လိင်မှုကိစ္စပိုင်းနဲ့ပတ်သက်နေတယ်ဆိုပဲ.....

မင်းတကယ် ဘာပြဿနာရှာထားတာလဲ လှိုင်း"

အစက သူမကလေးကိုနှိပ်စက်ခဲ့ဖူးတာတွေ ပေါ်သွားလို့များလားလို့လန့်သွားခဲ့ရတာ၊ ဒါပေမယ့်တခြားတစ်ခုဖြစ်နေသည်။

"ရဲစခန်းကိုအကြောင်းပြန်လိုက် ဘယ်အချိန်လာလာအဆင်ပြေတယ်....."

လှိုင်း ထိုသို့ပြောပြီးတံခါးပြန်ပိတ်ရင်ပြင်လိုက်သည်နှင့် ဒေါ်သင်းရနံ့က တံခါးကိုကန့်လန့်ဖြတ်တားလိုက်သည်။

"အိမ်ထိပြဿနာတွေသယ်လာတာ ရပ်လိုက်တော့.... ဘာကိုလိင်မှုကိစ္စစော်ကားခံရတာလဲ ကိုယ့်အမေယောကျာ်းအပေါ်မြူဆွယ်ပြီး အပျက်မ,လိုဖင်ခံရတာအားမရလို့ ကျောင်းထိပါလိုက်ခံနေဖို့လား"

လှိုင်းလုံးဝဒေါသထွက်သွားပေမယ့် သူ့အမူအရာဟာတည်ငြိမ်နေဆဲဖြစ်ပြီး ထူးဆန်းသော အပြုံးတစ်ခုပေါ်ထွက်လာသည်။

သူ့ကိုအဲ့လိုပြောတဲ့ဘယ်သူဖြစ်ဖြစ် သူကအရမ်းမုန်းတာ။

ဖင်ခံရတာကြိုက်တဲ့အပျက်မဟုတ်လား။
၇နှစ်သားကလေးတစ်ယောက်က မြူဆွယ်တယ်ပေါ့လေ။

သူ့အမေကတကယ်ကို အသိစိတ်မရှိဘူးပဲ။ သူ့ပထွေးရဲ့လိမ်ဆင်တွေကိုယုံပြီး သူက ယခုထိဆက်မြူဆွယ်နေတယ်လို့လည်း ထင်နေသေးတယ်ပေါ့....?

သူ့ရဲ့ ဖြူဖျော့ပြီးနုနယ်တဲ့ပုံစံက သူ့အမေဆိုတဲ့မိန်းမကို တကယ်ရွံရှာစေသည်ပဲ။

"ကြိုက်တော့ကြိုက်တယ်..... ဒါပေမယ့် ခံရတာကိုတော့မဟုတ်ဘူး"

လှိုင်း တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သူ့အမေရဲ့ရင်ဘတ်ဆီ အကြာကြီးစိုက်ကြည့်ပေးလိုက်သည်။

Psychopath (completed) Where stories live. Discover now