အပိုင်း(၅) Uni

171 7 2
                                    

“ကဲ မြတ်မင်းထွဋ်။မင်းတို့ ဘယ်လို ဆက်လုပ်ချင်ကြသလဲ။”

ဒါဟာ မနှင်း ဆီမှ မေးခွန်းသံ။
ကိုယ်တို့ ယခု ဆေးရုံ၏ သီးသန့် လူနာခန်းတစ်ခုထဲသို့ ရောက်ရှိနေတာဖြစ်သည်။အစောပိုင်းကလေးတင် ထို‌ကလေးမလေးအား ဆီးစစ်ပေးခဲ့သည်။မနှင်းကလည်း လုပ်ရိုးလုပ်စဉ်အတိုင်း စမ်းသပ်ပေးပြီးသည့်နောက်မှာ သေချာတိကျသည့် အဖြေမှန်ဟာ ကလေးမထံတွင်ကိုယ်ဝန်ရှိနေခြင်း။ကိုယ် ထိုလူအား ရွံသထက်ရွံကာ မုန်းသထက်မုန်းလာသော်လည်း မနှင်း မျက်နှာ၊ဆရာမ မျက်နှာကိုထောက်ကာ နောက်တွင် ငြိမ်သက်နေရသည်။

ထိုလူဟာလည်း ဖျက်စီးတုန်းက ဖျက်စီးခဲ့ပြီးမှ ယခု အခြားသူတွေကို မကြားလိုတာကြောင့် သီးသန့်ခန်းတစ်ခုကို ချက်ချင်းယူပစ်ခဲ့သည်။အံ့ပါရဲ့။ကိုယ်တွေးမိသေးတာ တစ်ခုရှိသည်။နိုက်ကလပ်တုန်းက အိမ်သာမှာ ကောင်မလေးနှစ်ယောက်ပြောသည့် ကိုထွဋ်ဟာ ဧကမင်းထွဋ်မဟုတ်ဘဲ ကိုယ့်ရှေ့ဝယ် ရပ်နေသည့် မြတ်မင်းထွဋ်ဆိုသည့် လူပင်ဖြစ်လိမ့်မည်ဟု။သို့သော် တစ်ပါးသူကို တစ်ဖက်သတ် မစွပ်စွဲဝံ့တာကြောင့် ကိုယ့်ရဲ့ မဟုတ်ပေါက်ကရ အတွေးတို့ကို ရုတ်သိမ်းထားမိသည်။

“ကျွန်တော်နဲ့မသက်ဆိုင်တာကြောင့် ဘာမှလည်းမလုပ်နိုင်ပါဘူး။သူ့သဘောဆန္ဒကိုသာ မေးကြည့်ပါ။”

“ရှင်က အဖေဖြစ်လာမယ့်သူလေ။ရှင်နဲ့ မသက်ဆိုင်လို့ရမလား။”

ဒီတစ်ခါတော့ ကိုယ်သည်းမခံနိုင်စွာ ဝင်ပြောမိလိုက်သည်။တာဝန်ယူလိုစိတ်မရှိတဲ့သူတွေဆို ကိုယ်သိပ်မုန်းတာ။ထိုလူကလည်း ကိုယ့်ကိုမော့ကြည့်လာသည်။ကိုယ်ကလည်းကြည့်သည်နှင့်ဆုံတော့ ထိုလူ၏ မျက်ဝန်းတစ်စုံအား သတိထားမိသည်။ဝိုင်းစက်ကြည်လင်နေသည့် မျက်ဝန်းအိမ်မှာ လွန်ခဲ့သည့် ၂လက နိုက်ကလပ်မှာ ရမ္မက်ပြင်းပြနေသည့် မျက်ဝန်းတွေမှ ဟုတ်ရဲ့လားဟု ကိုယ်တွေးလိုက်မိသည်။မတိုမရှည် ဆံနွယ်ကောက်ကောက်၊ဝိုင်းစက်နေသည့် မျက်ဝန်း၊ပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းပါး၊ထင်ရှားလွန်းသည့် မေးရိုး၊ပြီးတော့ နှာခေါင်း ညာဘက်ထောင့်နားက မှဲ့သေးသေးလေးတစ်ခု။ချုံ့ငုံကြည့်မည်ဆိုလျှင်တော့ အရာအားလုံးဟာ ရုပ်တုတစ်ခုကို ဖန်တီးထုဆစ်ထားသည့်အလား။သို့သော် စရိုက်စစ်၊စရိုက်မှန်ကိုသိလျှင်တော့ ဒါတွေအားလုံးဟာ ဟန်ဆောင်တုပကာ တပ်ထားသည့် မျက်နှာဖုံး သက်သက်သာ ဖြစ်ပါလိမ့်မည်။

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now