အပိုင်း(၂) uni

242 10 2
                                    

“တောက်ခ်!!မင်း ေ-ာက်လုံးကန်းနေလား!”

“ဟ! ရှင် ဘယ်လိုလူလဲ။ကျွန်မကတောင်းပန်နေတာ။”

“တောင်းပန်တိုင်းခွင့်လွှတ်ရကြေးဆို ကမ္ဘာပေါ်မှာ ဥပဒေဆိုတာတောင်ပေါ်လာမှာမဟုတ်ဘူး။”

ကိုယ်ကတောင်းပန်နေသည်ကိုလက်မခံဘဲ ကန့်လန့်တွေချည်းပြောလာသည့် ထိုလူ့ကို ပေစောင်းစောင်းကြည့်ကာ ထူပေးရန်ပြင်နေသည့် လက်တစ်စုံကိုလည်းရုတ်ပစ်လိုက်သည်။

ထိုလူကလည်းမလိုပါဘူးဆိုသည့်ပုံစံဖြင့် သူ့ဘာသာ ကုန်းထလာကာ ကိုယ့်ကို ခပ်စူးစူးစိုက်ကြည့်နေသည်။ထိုလူပုံစံသည် ကြောက်ဖို့မကောင်းသော်လည်း စူးစူးရဲရဲ အကြည့်တစ်စုံဟာ ကိုယ့်ကိုသိမ်ငယ်လာအောင် လုပ်နိုင်စွမ်းရှိသည်။ကိုယ်ကလည်းမှားထားသည်မလို့ ယခုအချိန်မှာ ထွက်ပဲပြေးရတော့မလို၊မြေကြီးထဲပဲဝင်လျှိုနေရတော့မလို လမ်းပျောက်လျက်ရှိလှသည်။

“ကဲတော်ပါတော့ ခေတ်ရယ်။ကိုယ်ကမှားတဲ့လူမလား။အေးအေးလူလူတောင်းပန်ပြီး ကျေအေးလိုက်ရအောင် နော်..”

အရာရာကို လျစ်လျူရှုပြီး အေးအေးချမ်းချမ်း နေတတ်သူ မေလင်းကတော့ ပြဿနာ မဖြစ်ချင်တာကြောင့် ကိုယ့်ကို အေးဆေးတောင်းပန်လိုက်ဖို့သာပြောလာသည်။

“ဟဲ့!အမယ်။မရပါဘူးနော်။ခေတ်မှားတာမှန်ပေမဲ့ ဒီလူဆဲစရာဘာအကြောင်းမှမရှိဘဲ ဘလိုင်းကြီးဆဲတာတော့ လက်ခံနိုင်စရာမရှိဘူးလေ။”

ကျောင်းတက်တုန်းက စွာတေးလန်သလို အရာရာကို ပက်ခနဲ ပြန်ပြောလိုက်ရမှ ကျေနပ်သူ ငစွာမလေး တန်ခူးရှိန်ဝါဟာ ကိုယ့်ကို *ငြိမ်ခံမနေနဲ့ ပြန်သာလုပ်ပစ်*ဟု တိုးတိုးလေးကပ်ပြောလာသည်။

အမြွှာထဲမှ အငယ်မလေးဖြစ်သူ တန်ခူးထိန်သာကတော့ ဘာမှလည်းဝင်မပြော၊ဘာမှလည်းမလုပ်ဘဲ မျက်မှောင်ကြီးကြုံ့၍သာ ရှေ့ကလူကိုကြည့်နေသည်။အခြေအနေမဟန်လို့ကတော့ ဆွဲထိုးပစ်မည့်ပုံ။

ကိုယ်လည်း ဒေါသထွက်သွားပေမယ့်ဒီ့ထက်ပိုပြီး ပြဿနာတွေမတက်ချင်တော့တာကြောင့် မေလင်းလမ်းစဉ်ကိုသာ လိုက်ရန် ဆုံးဖြတ်လိုက်သည်။

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now