အပိုင်း (၁၂)Uni

248 4 0
                                    

သူ ဖုန်းစခရင်ကိုသာ အကြာကြီးစိုက်ကြည့်နေခဲ့မိတာ ဘယ်လောက်တောင်ကြာသွားမှန်းမသိ။ဖုန်းထဲမှာ ထင်ထင်ရှားရှားပေါ်နေသည့် ပုံရိပ်လေးကို မြတ်မင်းထွဋ်အရမ်းမြတ်နိုးရပါသည်။ချစ်လှစွာသော သကောင့်သား သူငယ်ချင်းတွေက သူတို့အချင်းချင်း ဘယ်လိုအဆက်အသွယ်ရလာသလဲတော့မသိ။ပုံရိပ်ကလေး၏ သူငယ်ချင်းမေလင်းဆိုသူဆီက ရလာသည့်ပုံအား မြတ်မင်းထွဋ်၏ messenger ထံပြန်လည်ပို့ပေးလာခဲ့သည်။ပုံထဲမှာ သရဲအိမ်က အထွက် သူက ခေတ်နှင်းသန့်ကိုဖက်ထားသည်။ဘယ်လိုများစောင့်နေခဲ့ပြီး ချိန်ရိုက်ခဲ့ကြသလဲ‌မသိပေမယ့် ရိုက်သည့်သူကိုတော့ ချီးကျူးသင့်သည်။ပုံထွက်က ဓာတ်ပုံဆရာတွေရိုက်သည်ထက်တောင် ကြည်တောက်ပြီး လှလွန်းသောကြောင့်ဖြစ်သည်။ပုံထဲမှ ပုံရိပ်ကလေးပဲ လှလွန်းတာလား။ပုံထွက်ကပဲ လှလွန်းတာလား မြတ်မင်းထွဋ် ဝေခွဲမရရှိလှသည်။

နူးညံအိစက်လွန်းသည့် မွေ့ရာထက်ဝယ် ပစ်လှဲလိုက်ရင်း မြတ်မင်းထွဋ် ဒီနေ့လည်က အကြောင်းအရာတွေကို ပြန်တွေးနေမိသည်။ရိုလာကိုစတာ တူတူစီးမည့်လူမရှိတာကြောင့် နှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့နှင့် မတ်တပ်ရပ်နေခဲ့သည့် ပိစိ။ဆင်းလာပြန်တော့လည်း ရေကိုအများကြီးသောက်ပစ်တာကြောင့် စိတ်ပူလို့ပြောမိတော့ စိတ်ကောက်သွားသည့် သူမ။ထုံးစံအတိုင်း ပြန်မချော့တော့ဘဲ သူကပါ ‌လိုက်ကောက်တော့ တစ်နေကုန် သူ့ကိုပဲ လှည့်လှည့်ကြည့်ရင်း အရိပ်တကြည့်ကြည့် နေခဲ့ရသည့် သူမအကြောင်းတွေးမိတော့ မြတ်မင်းထွဋ်တအားရယ်ချင်လာသည်။သူများမိန်းကလေးတွေလို မဟုတ်ပါဘဲ တစ်ဖက်လူက တစ်ချက်ကလေး နှုတ်ခမ်းထော်ပြလိုက်ရုံနဲ့ စိတ်ပျော့ကာ လိုက်လံချော့မော့နေသည့် သူမဟာ တကယ့်ကိုချစ်စရာကောင်းလှသည်။

သရဲအိမ်ထဲဝင်ပြန်တော့လည်း ကြောက်လို့ပါဆိုပြီး ငိုယိုကာ ရင်ခွင်ထဲသို့ပစ်ဝင်လာခဲ့သည်။ထိုအချိန်တုန်းကလည်း မြတ်မင်းထွဋ် ဆွဲဖက်နမ်းပစ်ချင်သည့် စိတ်တွေကို ချုပ်ထိန်းထားခဲ့ရသည်ကို မည်သူမှသိမည်မထင်။

ဟုတ်ပါသည်။မြတ်မင်းထွဋ် ဒီကောင်မလေးကို ချစ်မိနေပြီဆိုတာ ဝန်ခံပါသည်။အသက် ၃၁နှစ်ရောက်သည်အထိ အချစ်ဆိုတာ ဂျိုနဲ့လားဟု မေးနေတုန်းဖြစ်သည့် ကောင်ဟာ အခု သူ့ထက် ၄နှစ်ငယ်သည့် ညီမလေးနှင့်ကျမှ သွက်သွက်ခါအောင်ရူးရတော့သည်။၄နှစ်ငယ်သည်ဆိုသော်ငြားလည်း သူ့ထက်ပင်ရင့်ကျက်လှသည်။ခွဲစိတ်ဆရာဝန်မလေး သူမကို စတွေ့ခဲ့ချိန်တုန်းကတော့ စကားပြောတအားရင့်လို့ တော်တော်လေးကို ကြည့်မရဖြစ်ခဲ့ရသည်။ဒုတိယအကြိမ် ဆုံတွေ့ချိန်မှာတော့ မြတ်မင်းထွဋ်၏ ကိုယ်တွင်းတစ်နေရာရာ၏ လှုံ့ဆော်မှုကြောင့် သူမ ကို ‌လိင်ပိုင်းဆိုင်ရာ စော်ကားမိသလိုတောင်ဖြစ်သွားခဲ့ရသည်။ထိုနောက်ပိုင်း ‌သူမကို တောင်းပန်ချင်စိတ်တွေကို အတော့်ကို ပြင်းပြခဲ့သည်။ကံကောင်းချင်ပြန်တော့ အစ်မဝမ်းကွဲဖြစ်သူ၏ဆေးရုံဝယ် အလုပ်သင်အနေနှင့် လာရောက်လုပ်ကိုင်နေသည်ကို ‌အမှတ်မထင်တွေ့မြင်ခဲ့ရသည်။ထို့နောက် အစ်မဖြစ်သူ၏ အကူအညီနှင့်ပင် ပြန်တောင်းပန်ကာ ချစ်စရာကောင်းလှသည့် ကလေးငယ်ကို စတင်ရှာဖွေတွေ့ရှိခဲ့ရတော့သည်။

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now