အပိုင်း(၁၀) uni

158 4 0
                                    

စနေ၊တနင်္ဂနွေ ပိတ်ရက်ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် ကိုယ်တို့ သူငယ်ချင်းအုပ်စု၏ ရိုးရာအရ ဒီပိတ်ရက်ကို ပန်းခြံတစ်ခုခုထဲဝယ် picnic ထွက်ရန် စီစဉ်ထားကြသည်။အခုတော့ အမြွှာနှစ်ယောက်နှင့် ကိုယ်က ကားတစ်စီး၊မေလင်းတို့က တစ်စီးဖြစ်သည်။ကိုယ် ဒီကားကို ဝယ်လိုက်တာလည်း ၁လလောက်ပဲရှိဦးမည်။လိုင်စင်ရတာကတော့ ၅လ/၆လလောက်ရှိပြီ။‌မမောင်းရဲလို့သာ ကားလေးခမျာ အိမ်ထဲမှာသောင်တင်နေရသည်။

“ဖြေးဖြေးမောင်းနော်။နင့်ကို ကြောက်ရတယ်။”

“ငါ လိုင်စင်ရထားပြီးသား လူပါဟယ်။မကျေနပ်ရင် နင်တို့လာမောင်းမလား။”

“ငါတို့က မောင်းတတ်ပြီးသား။နင်‌့လောက်တော့ သနားတယ်။နင် မမောင်းရဲလို့ မမောင်း၊မမောင်းနဲ့ ကြာရင် ကားပေါ်တောင် မတက်ရဲတော့မှာဆိုးလို့သာ မောင်းခိုင်းရတာ။”

“အေးလေ။အလုပ်ကို ဘတ်စ်နဲ့သွားနေမယ့်အစား ကိုယ့်ကားကိုယ်မောင်းသွားစမ်းပါဟယ်။ခွဲစိတ် ဆရာဝန်မကြီးဖြစ်ပြီး ဘတ်စ်ကားနဲ့သွားတယ်ဆို အောက်လိုက်တာ။”

“အမယ်လေးတော်။ကျွန်မက အဲ့လိုလူထင်ကြီးအောင် မနေချင်ဘူးရှင့်။တော်ကြာနေ မောင်လေးတွေ လာကပ်နေမှ ခွာချလို့တောင်မရဘဲ ဖြစ်နေဦးမယ်။”

“အော်..ဖြစ်ရသေး။ထားပါ။ဒါနဲ့..နင် ဧကမင်းထွဋ်ရဲ့ အစ်ကိုဆိုတဲ့တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတယ်ဆို။ဘယ်လိုလဲ။”

“အေး။ဒီလိုပါပဲ။”

“ဘာကို ဒီလိုပါပဲ‌လဲ။အကြောင်းအရာ အကုန်ပြန်တင်ပြ‌ေလ။နင် မက်ဆေ့ခ်ျပို့တုန်းကတည်းက သိချင်နေတာ တစ်ပိုင်းသေနေပြီ။”

ရပ်ကွက် လမ်းကြားလေးထဲက ထွက်လိုက်ပြီး လမ်းမကြီးပေါ် ရောက်သည့်အချိန်မှာတောင် ကိုယ် ကားမောင်းတာကို သေချာ အာရုံစိုက်လိုက်သည်။ဘေးနားက တစ်ယောက်နှင့် နောက်ခန်းမှ တစ်ယောက်ကတော့ ကိုယ့်အဖြေကို အာရုံစိုက်နားထောင်နေကြသည်။

“ကြာသပတေးနေ့ကမှ ပြန်တွေ့တာပါ။သူ့ဆိုက်ထဲက အလုပ်သမားတစ်ယောက် ခြေထောက်ထိသွားလို့ လာပြတာ။”

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now