အပိုင်း(၈) uni

311 8 1
                                    

ညခင်း၏လေပြည်လေးဟာ ခပ်ပြေပြေ၊ခပ်ဖြေးဖြေးလေးနှင့် ပုံမှန်လေးတိုက်ခတ်နေသည်။မှောင်မိုက်နေသည့် ညဝယ် အစွမ်းကုန်ထွန်းလင်းပေးနေသည့် လမင်းကြီးဟာ ပြုံးတုံ့တုံ့ရှိလှသည်။အကြောင်းကား တစ်ခုသော အခန်းထဲဝယ် ဖုန်းအဝင်ကောလ်လေးကိုကြည့်ရင်း ပါးစပ်၊နားရွက် တက်ချိတ်မတတ် ပျော်ရွှင်မြူးတူးနေသည့် မိန်းကလေးတစ်ကြောင့်ပင်။

“ဟယ်လို။”

အစ်ကိုဟာ ပေးခဲ့သည့်ကတိကိုမမေ့ဘဲ ကိုယ်ပင်ဆက်စရာမလိုစွာ သူ့ဘက်မှ အရင်ဦးဆုံးဆက်သွယ်လာသည်။

“ဟယ်လို။”

အစ်ကိုဟာ ကိုယ့်ဘက်မှ ဘာအသံမျှမကြားရတော့ ဟယ်လိုဟူ၍ နောက်တစ်ကြိမ် ထပ်မံခေါ်ပြန်သည်။

“ဟုတ်။ညီမပြောနေပါတယ် အစ်ကို။”

“မသိပါဘူးကွာ။ကိုယ်က ဖုန်းမှားနေတယ်တောင်ထင်တာ။”

“အရင်က တစ်ခါဆက်ဖူးသားပဲ။မှားစရာရှိလို့လား။”

“ဟုတ်သားနော်။အဲ့တစ်ခါတည်းကို ရန်တွေဖြစ်ခဲ့ကြတာပဲ။ကိုယ်မေ့နေတာ။”

“အဘိုးကြီး။”

တစ်ကိုယ်တည်းကြားအောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ဘာရယ်။”

“ဘာမှ မဟုတ်ဘူး။ဒါနဲ့ အစ်ကို မနက်ကလူနာရဲ့မိသားစုဝင်တွေက အစ်ကို့ကို ဘာပြောသေးလဲ။”

“‌သူတို့ကတော့ ဘာပြောမလဲ။ကျေးဇူးတွေတင်နေကြတာပေါ့။သူ့သား ဒုက္ခိတဘဝရောက်တော့မှာကို ကယ်ပေးလို့ဆိုပြီး အစ်ကို့ကို ထိုင်ကန်တော့ဖို့ လုပ်နေလို့ မနည်းရှောင်ပြေးလာရတယ်။”

“အော် ဟုတ်ပါပြီ..ဒါနဲ့ အဲ့လူမှာ မိန်းမနဲ့‌ကလေးရှိပုံပဲ။ပေါက်စလေးတွေတွေ့လိုက်ေသးတယ်။”

“ဟင့်အင်း။အဲ့ဒါ မယားပါသားတွေ။”

“ဘယ်လို။”

ကိုယ်ထပ်မေးတော့ အစ်ကိုက ရယ်သည်။ဖုန်းထဲမှ ကြားနေရသည့် အစ်ကို့ရယ်သံသေးသေးလေးဟာ နားထောင်လို့ ကောင်းလှသည်။

“သူ့အရင်မိန်းမက နိုင်ငံခြားမှာ။အဲ့က ဘောစိတစ်ယောက်နဲ့ ယူသွားတာကို တစ်နှစ်လောက်ရှိမှ ဒီမှာကျန်ခဲ့တဲ့ ယောက်ျားကသိရတယ်။အဲ့တုန်းကလည်း ကိုယ် ခေါင်းတွေရှုပ်ခဲ့တာပေါ့။ချက်ချင်းအဲ့ကိုလိုက်သွားပြီး သတ်ပစ်ဘာညာဖြစ်တော့ သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်မယ်။ကွာသာရှင်းလိုက်ပါလို့မနည်း ဖြောင်းဖျလိုက်ရတယ်။”

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now