"ကောင်းပြီ။ဒါဆို မင်းတို့ဆီပဲအပ်ထားလိုက်တော့မယ်။"
"အင်း။တစ်ခုခု လိုအပ်တာရှိရင်တော့ ဖုန်းဆက်လိုက်မယ်။ကဲ ဒါဆို ငါတို့သွားပြီ။"
အစ်ကိုတို့အုပ်စုဟာ အလုပ်ကိစ္စအကြောင်းဆွေးနွေးပြီးသည်နှင့် အခန်းထဲမှ ထွက်လာခဲ့ကြသည်။နာရီဝက်ကျော်လောက် ကြာသွားပေမယ့် ကိုယ်လည်း ပါလာသည့် လက်ပ်တော့ကိုဖွင့်ကာ လုပ်စရာရှိတာလုပ်နေခဲ့သည်မလို့ ပျင်းတော့ပျင်းမနေခဲ့။အစ်ကိုတို့ ထွက်လာတာကို မြင်သည်နှင့် လုပ်လက်စကို ရပ်ကာ တစ်ခါတွေ့ပြီးသားလူတွေဖြစ်တာကြောင့် မကောင်းတတ်တာနှင့် နှုတ်ဆက်ရန် ပြင်လိုက်သည်။
"အစ်ကိုထက်ကောင်းတို့ ပြန်ကြတော့မလို့လား။"
"အော် မြတ်မင်းထွဋ်ကလေး- အဲမှားလို့။ဒေါက်တာခေတ်နှင်းသန့်က ခုထိရှိနေသေးတာပဲ။ကျွန်တော်ဖြင့် ပြန်တောင်သွားပြီ ထင်တာ။"
"ညီမလည်း ပြန်ပြီးနားချင်နေပါပြီ။ဒါပေမယ့် တစ်စုံတစ်ယောက်က ဘယ်တော့မှ စကားနားမထောင်ဘူးလေ။အဲ့တာကြောင့်.."
"ဟုတ်ပ!ခေတ်ရေ မင်းအဲ့တစ်ယောက်ကို ကောင်းကောင်းကြီး ဆုံးမပစ်နော်။"
ထက်ကောင်းခန့်၏စကားအား ခေတ်နှင်းသန့် အသံထွက်ရုံလေးမျှ ရယ်သည်။
သို့သော် ထက်ကောင်းခန့်၏ ခေတ်ဟုခေါ်သံ၌ မြတ်မင်းထွဋ်တစ်ယောက် မျက်ခုံးတန်းတို့ တွန့်ချိုးသွားသည်။ပြန်မယ်တကဲကဲနှင့် ခုကျတော့လည်း ပြန်ဖို့လမ်းကို ဦးမတည်သေးသည့် သကောင့်သားအား မြတ်မင်းထွဋ် ပုခုံးမှဖိကိုင်ကာ အိမ်အပြင်ဘက်သို့ မနည်းတွန်းလွှတ်လိုက်ရသည်။
"ဟေ့ကောင်တွေ။မင်းတို့ ပြန်မယ်ဆိုပြန်တော့လေ။ညနက်တော့မယ်။"
"အေးပါကွာ။ကဲကဲ။ခေတ်နှင်းသန့်ခင်ဗျ ကျွန်တော်တို့ပြန်တော့မယ်။ခွေးသူတောင်းဇားက ပြန်စေချင်နေလို့ အတင်းနှင်ချနေပြီ။"
ခေတ်နှင်းသန့် ပြုံးတယ်ဆိုရုံလေး ရယ်လိုက်ကာ
"ဟုတ်အစ်ကိုထက်ကောင်း..။ဂရုစိုက်ပြန်ကြပါ။"
အချင်းချင်းနှုတ်ဆက်ပြီးကြသည်နှင့် ထက်ကောင်းခန့်တို့ဟာ ခြံဝန်းအကျယ်ကြီးထဲမှ ယူလာသည့် ကားအသီးသီးတို့ဖြင့် ထွက်ခွာသွားတော့သည်။သူငယ်ချင်းဖြစ်သူတို့အား ခြံပြင်သို့လိုက်ပို့ပြီး ခဏအကြာမှာ အစ်ကိုဟာ အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။
YOU ARE READING
A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)
RomanceNormal ပါ။ ကံကြမ္မာအရ ဆုံတွေ့ခဲ့ကြတဲ့ ထိုသူတို့နှစ်ဦး။ ကံကြမ္မာအရ ပြန်လည်ခွဲခွာရတဲ့အခါ။ အိမ်ထောင်ရေးမသာယာမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသည့် မိန်းမငယ်လေးဟာ သူမထံမှာလည်း တစ်ထပ်တည်းတူသည့် အဖြစ်အပျက်တို့အား ကြုံတွေ့ရသည့်အခါ။ အချင်းချင်း သစ္စာတွေ၊ကတိတွေ တဖ...