အပိုင်း(၆) zawgyi

42 1 0
                                    

သတိပြန်ဝင်လာလို့ကြည့်လိုက်ချိန်မှာ ကိုယ့်လက်တွေဟာ အစ်ကို မြတ်မင်းထွဋ် ခေါင်းပေါ်မှာ။အစ်ကိုကလည်း သူ့ကို ငုံ့ကြည့်နေပြီး ကိုယ်ကလည်း အဲ့ဒီမျက်ဝန်းတွေကို အချိန်ကြာမြင့်စွာ ငေးကြည့်နေခဲ့မိသည်။

“ဟို..ဆံပင်က ပွ-ပွသွားလို့ပါ။တစ်မျိုးမထင်ပါနဲ့။”

“အဟင်း..”

အစ်ကိုကရယ်သည်။

“ကောင်လေးတစ်ယောက်က သူ့ခေါင်းကို မိန်းကလေးတစ်ယောက်ကို ကိုင်ခွင့်ပြုတယ်ဆိုတာ အဲ့မိန်းကလေးကို—”

“အို!အဲ့ဒါ နိုင်ငံခြားက အယူအဆတွေပါ။အစ်ကိုက မြန်မာနိုင်ငံသားလေ။”

အစ်ကို့စကားမဆုံးခင်မှာပင် ကိုယ် စကားဖြတ်၍ပြောလိုက်သည်။အစ်ကို့ စကားတွေ ဘယ်ထိရောက်လာမလဲဆိုတာ ကိုယ်သိသည်။ဘယ်လောက်ပင် စိတ်ထဲရှင်းပြီပြောပြော၊ အိမ်မက်ဆိုးတွေမက်ပြီး trauma ဝင်ခဲ့တာ တစ်ပါတ်၊နှစ်ပါတ်မှ မဟုတ်ဘဲ။

“တကယ်လို့ အဲ့အယူအဆက မြန်မာကဆိုရင်ရော၊မြန်မာက သိတဲ့အတိုင်း‌ ရှေးရိုးစွဲတယ်။ဟိုးအရင်တုန်းက ရွာတွေမှာလို မင်းအဲ့လိုကိုင်လိုက်လို့ သူတို့အတင်းလက်ထပ်ခိုင်းရင် လက်ထပ်မှာလား ပြော..။”

ဒီလောက် ကိုယ်လိုက်ပိတ်နေသည်ကို ဒီအစ်ကို အရမ်း ရဲလွန်းနေသည်မဟုတ်ပါလား။

“မဟုတ်လို့ဘဲ ကျွန်မ အေးဆေးနေနိုင်တာပေါ့။ပြီးတော့ ကျွန်မက အသန့်ကြိုက်တတ်တော့ သပ်သပ်ရပ်ရပ်မရှိဘူးဆိုရင် မြင်ရတာ သိပ်အဆင်မပြေလို့ပါ။”

ကိုယ်ပြောရင်း မတ်တပ်ရပ်လိုက်သည်။သို့သော် အချိန်ကြာမြင့်စွာ ထိုင်‌နေခဲ့သည်မလို့လားတော့မသိ။ဘယ်ဘက် ပေါင်ရင်းက ဆစ်ကနဲ တစ်ချက်ထိုးကိုက်ရင်း ကျင်တက်လာသည်။ထရပ်လိုက်သည့် ခြေထောက်က ဟန်ချက်မညီစွာ နောက်ပြန်လဲကျသည်။ကိုယ် ထိုင်ခုံကို တစ်ချက်ထိန်းကိုင်လိုက်သည်။ကိုယ့်ဘေးက ထိုင်နေသည့် အစ်ကိုကလည်း နောက်ကျောကို ထိန်းကိုင်ပေးလာသည်။

“အဆင်ပြေရဲ့လား။”

“အင်း..ပြေပါတယ်။ခြေထောက်နည်းနည်းကျင်သွားလို့ပါ။”

A Thing Called Love(ချစ်ခြင်းမေတ္တာဟူသည်)Where stories live. Discover now