My Hyunie.

499 68 5
                                    

ကိုယ့်မှာတော့ မင်းကိုချစ်လိုက်ရတာများ
မထိရက်မကိုင်ရက်ပါပဲ...။

--------------------------

"ဟျွန်းနီး!"

အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မို့ ဝိုင်းလိုက်ကြတာ မှန်းထားတာထက် နည်းနည်းဆိုတာထက် တော်တော်လေး နောက်ကျမှ ပြန်ရောက်လာတာမို့ခြံတံခါးကို အသံမမြည်အောင် အသာလေးဖွင့်ဖို့ကြိုးစားနေတဲ့ မက်သရူးရဲ့ လက်ကလေးက တုန့်ခနဲ ရပ်တန့်လို့သွားတယ်။

အသံကြားလိုက်တာနဲ့ ဘယ်သူမှန်းလှည့်ကြည့်စရာမလို။ မက်သရူးကို ဒါမျိုးခေါ်တတ်တာ နှစ်ယောက်သာရှိသည်။ တစ်ယောက်က မက်သရူးရဲ့မေမေဖြစ်ပြီး သေချာတာကတော့ မက်သရူးကို အခုခေါ်လိုက်တဲ့သူသည် မေမေမဟုတ်ပါ။

မက်သရူးက မျက်နှာကို အစွမ်းကုန် ချိုအီနေသည်အထိ ပြုံးကာ နောက်ကိုလှည့်ကြည့်လိုက်တယ်။

"ကိုကို့ ...ဟီး"

သွားစိကာ ပြုံးပြနေတဲ့ မက်သရူးနဲ့ ဆန့်ကျင်စွာပဲ တစ်ဖက်လူက မတည်မပြုံးမျက်နှာထားနဲ့ မက်သရူးကို ကြည့်နေလေတယ်။ မျက်ခုံးတန်းတို့ကို ထိလုမတတ် တွန့်ချိုးထားတဲ့ ကိုကိုသည် ညအိပ်ခါနီးမို့ထင်သည်... ဆွယ်တာအင်္ကျီခပ်ပွပွ တစ်ထည်ကို ချည်သားဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသော်လည်း ကြည့်ကောင်းမှုက လျော့ကျမသွားပေ။

အင်းလေ... မက်သရူးကိုကိုက ဘယ်သူမလို့လဲ။ ဆောင်းဟန်ဘင်းပဲကိုး...။

"ဘယ်အချိန်ရှိနေပြီလဲ...ဒါ ကျောင်းသားတစ်ယောက် အိမ်ပြန်ရမယ့်အချိန်လား ဆော့မက်သရူး...ကိုကို အခုတလော နည်းနည်းလေးအလုပ်ရှုပ်သွားတာနဲ့ မင်းအတော်ဆိုးနေတယ် ဟုတ်လား ဟျွန်းနီး"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ချိန်မလို့ ကိုကို့အသံက ခပ်ကြိတ်ကြိတ်သာ ထွက်လာတယ်။ မက်သရူးကတော့ ကိုယ့်အပြစ်နဲ့ကိုယ် ဘာမှပြန်မပြောနိုင်ဘဲ အမှောင်ထဲမှာတောင် ထင်းထွက်နေတဲ့ ကိုကို့မျက်နှာချောချောကိုသာ တိတ်တဆိတ်ငေးမိတယ်။

အခုရက်ပိုင်း ကိုကိုက သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေပြီး မက်သရူးကလည်း ကျောင်းကပ‌ရောဂျက် တစ်ဖက်နဲ့မို့ ခြံချင်းကပ်ရပ်နေနေတာတောင်မှ မက်သရူးတို့ မတွေ့ဖြစ်ပါ။ တကယ်တော့ မက်သရူးက စာမေးပွဲကိုအကြောင်းပြကာ အလုပ်ရှုပ်ချင်ယောင်‌ေဆာင်‌ေနခဲ့ခြင်းသာဖြစ်ပြီး ကိုကိုများ သူ့ဆီအရင်ရောက်လာမလားလို့ စောင့်နေခဲ့တာဖြစ်သည်။

MY HYUNIEWhere stories live. Discover now