အချိန်အားဖြင့် ညနေပိုင်း ၃နာရီ။
Park အိမ်တော်ရဲ့ဧည့်ခန်းတွင်ထိုင်နေသော
အသက် 21 သာရှိသေးသည့် သခင်လေး
ပတ်ဆောင်ဟွန်း။နိုင်ငံခြားကသူ့အဖေရဲ Korea က
Company ကိုဦးစီးနေတဲ့သူ။
အမြဲတမ်းဒီနိုင်ငံမှာတော့
ထိပ်စီးကပဲအမြဲရှိနေတဲ့ Park မျိုးရိုးတွေ။ဒီလိုတွေတင်မဟုတ်ပဲ အဖေ့အာဏာကော
သူ့အာဏာနဲ့ပါပေါင်းလုပ်ထားတဲ့
လူတွေမသိပဲအမှောင်လောကမှာလဲ
ပတ်ဆောင်ဟွန်းက 'ဘန်ဂျမင် ( Benjamin)'
ဆိုသည့်နာမည်နှင့်လူလုံးမပြပဲ
အလုပ်ကိစ္စတွေလုပ်သည် ။"မင်းက အဖေလွှတ်လိုက်တာလား ?'
ဆောင်ဟွန်းတစ်ယောက်ရေခဲရိုက်
မျက်နှာဘေးနဲ့သူ့အရှေ့ကဆိုဖာမှာထိုင်နေတဲ့
ဖြူဖြူလုံးလုံးကောင်လေးကိုမေးလိုက်သည်။"ဟုတ်ပါတယ်'
"နာမည်ဘယ်လိုခေါ်လဲ'
"Jake'
"ကိုရီးယားနာမည်ကိုမေးနေတာ'
"အာ..ရှင်းမ်ဂျယ်ယွန်း'
ဂျယ်ယွန်း၊ရှင်းမ်ဂျယ်ယွန်း၊ဂျယ်ယွန်းရှင်းမ်။
ပတ်ဆောင်ဟွန်းစိတ်ထဲ၌တော်တော်တော့
သဘောကျသွားသည်။အဖေလွှတ်လိုက်တာသာဆောင်ဟွန်းသိသည်။
အဖေကဩစတေးလျမှာလုပ်ငန်းကိစ္စနဲ့
အသွားအပြန်လုပ်နေခဲ့တာတစ်နှစ်ကို
တစ်ခါလောက်သာပြန်လာသည်။အမေက
သူငယ်ငယ်တည်းကသေဆုံးသွားတာမို့
မိဘမေတ္တာအပြည့်အ၀မရထားတဲ့
ဆောင်ဟွန်းဟာ နွေးထွေးမှုတွေ၊ကြင်နာမှုတွေ၊
စာနာမှုတွေဆိုတာသူ့ဘ၀မှာမရှိပေ။"အိမ်တော်ထိန်းယို ဂျယ်ယွန်းကို
အိပ်ခန်းပြင်ပေးလိုက်ပါ'အိမ်တော်ထိန်းကြီးအပေါ်ထပ်တက်သွား
လေတော့ အိမ်တော်ထိန်းကြီးနောက်
လိုက်သွားဖို့လုပ်နေသောရှင်းမ်ဂျယ်ယွန်း။"ငါမင်းကိုသွားခိုင်းသေးသလား ?'
ပတ်ဆောင်ဟွန်းရဲ့အေးတိအေးစက်အမေးကို
ဂျယ်ယွန်းခေါင်းသာခါပြလိုက်သည်။
သူကြောက်နေတာ..ပတ်ဆောင်ဟွန်းကို
သူကြောက်နေသည်။
![](https://img.wattpad.com/cover/342427849-288-k10878.jpg)