"သ..သခင်လေး
ကျတော်ရှင်းပြ..'"ပြောနေတာမကြားဘူးလား !
ငါပြောနေတယ်လေ သွားတော့လို့'ပတ်ဆောင်ဟွန်း စိတ်တိုလွန်းလို့
မေးရိုးတွေပါထင်းလာသည်။လည်ပင်း
အကြောတွေဟာလည်း နီရဲလာသည်။
အေးတိအေးစက်နေတတ်သူဆိုပေမယ့်
အနေအေးသူဖြစ်တဲ့အတွက် တော်ရုံ
အရမ်းစိတ်ဆိုးခြင်းဒေါသထွက်ခြင်းဆိုတာ
ရှားသည်။အခုတော့ ဒီ ဂျယ်ယွန်းရှင်းမ်
ကြောင့်နဲ့ ရှိသမျှဒေါသတွေ ထွက်ရတော့သည်။"ယိုယို! မထားခဲ့နဲ့လေ
ယို...'"ရှင်းမ်ဂျယ်ယွန်း ဒီကိုလာခဲ့'
ထွက်သွားသောအိမ်တော်ထိနိးယိုကိုကြည့်ပြီး
မျက်နှာငယ်လေးနဲ့ခေါ်နေတဲ့ ထိုဩဇီသားလေး
ကြောင့် ဆောင်ဟွန်း အံကိုကြိတ်ပြီး
ခေါ်မိသည်။"ပြော...ပြောပါ'
"ဘာအကြောင်းကြောင့်လဲ'
အရှေ့မှာရပ်နေတဲ့ ဂျယ်ယွန်းရှင်းမ်ကို
ဆောင်ဟွန်း စေ့စေ့ကြည့်ကာ
မေးလိုက်သည်။အကြည့်စူးစူးတွေက ကြောက်ဖို့
ကောင်းနေပေမယ့် ဆွဲဆောင်မှုရှိနေခဲ့သည်။"ဘာကိုလဲဟင်'
"ဘာအကြောင်းကြောင့်နဲ့ ကိုကအပြင်
မထွက်ဖို့ပြောထားတာကို ထွက်သွားတာလဲ!'"ဟင့် ပျင်းလို့'
ဘာမှတောင်သိပ်မဆူမအော်ရသေးပဲ
ထို ဂျယ်ယွန်းရှင်းမ်က အော်လေပြီ။
ဆောင်ဟွန်းဘာမှမပြောပဲစေ့စေ့သာ
ကြည့်နေလိုက်တော့သည်။"ဒါဆို ဒီက ပတ်ဆောင်ဟွန်း ကကော
ဘာလို့လဲ'"ဘာကိုပြောချင်တာလဲ'
ငိုနေတာကိုအတင်းရပ်ကာ
အသက်ရှူရတာမ၀တဲ့အသံနဲ့
ဆောင်ဟွန်းနာမည်အရင်းကိုခံပြီး
မကြည့်ရဲပဲရအောင်စိုက်ကြည့်ပြီး
မေးလာတဲ့ဂျယ်ယွန်းကို ဆောင်ဟွန်း
ပြန်မေးလေတော့။"ဘာအကြောင်းနဲ့ ဧည့်သည်အဖြစ်လာတဲ့
ကျတော့်ကို အဲ့လောက်ချုပ်ချယ်ထားရတာလဲ!
ဟင့် ကျတော်က..ကျတော်က ဧည့်သည်အဖြစ်
လာတဲ့သူပါ ပတ်ဆောင်ဟွန်းက ကြောက်စရာ
ကောင်းအောင်ထိ အဲ့လောက်ထိ...'
