တစ်ပတ်သာကြာသွားသည်။
ရှင်းမ်ဂျယ်ယွန်းလေးမှာအိမ်ထဲကအိမ်ပြင်ကို
မထွက်ရ အတော့်ကိုပျင်းနေသည်။
ဘာလို့ဆို ပတ်ဆောင်ဟွန်းဆိုတဲ့
မကောင်းဆိုးဝါးကောင်က ဂျယ်ယွန်းကို
လျှောက်မလည်ရသေးဘူးလို့ပြောထား
သေးလို့ပင်။ဂျယ်ယွန်းရှင်းမ်လေးက
ပတ်ဆောင်ဟွန်းကြီးကိုတော့အရမ်းအရမ်း
ကြောက်သည်။ အရှိန်အဝါအပြည့်နဲ့
တည်တည်ငြိမ်ငြိမ်သူမို့ ဂျယ်ယွန်းကကြောက်ရသည်။ဧည့်သည်ပေမယ့် ဧည့်၀တိကျေသလောက်ကျေပေမယ့် အိမ်ပြင်ခုထိမထွက်ခိုင်းတာကတော့ ဂျယ်ယွန်းသဘောမကျပေ။"ကိုယ်သွားတော့မယ် ဂျယ်ယွန်း'
မနက်စာဝိုင်းကနေမထခငိ
ဆောင်ဟွန်း ဩဇီသားလေးကိုပြောလိုက်ခြင်း။"သွားလေသွားပေါ့ မင်းဘာသာသွားတာပဲ
ဘာလို့လာပြောနေတာလဲ ဘလော့ဗ်ဟက်ရဲ့'ပတ်ဆောင်ဟွန်း အဲ့နာမ်စားကိုကြားပြီး
သူ့ခေါင်းကဆံပင်တွေသာသူပြန်ဖွာနေလိုက်
တော့သည်။အဲ့နာမ်စားကိုမွှေနှောက်လိုက်တာ
ဩဇီလိုဆိုအဲ့တာကအရူးကိုပြောခြင်းတာဆိုတာ
သိလိုက်ရခြင်းတည်းက ဆောင်ဟွန်းမှာရယ်ရခက်ငိုရခက်။"ခေါ်ရတာတော်တော်ကြိုက်နေတာလား ?'
ဆောင်ဟွန်းသူ့ခုံကထကာ ဂျယ်ယွန်းရှင်းမ်ခုံရှေ့
ဒူးတစ်ဖက်ထောက်ကာ ဩဇီသားပေါက်စနကို
စိုက်ကြည့်လိုက်သည်။"အင်းကြိုက်တယ်!'
"လာမစွနဲ့နော်!
တစ်ခုခုလုပ်ပစ်လိုက်ရမလား ဟမ်'ဆောင်ဟွန်းခပ်တည်တည်ဖြင့်
လေသံခပ်မာမာနဲ့ပြောပစ်တော့
ထိုကလေးလေးက မျက်ရည်စလေးတွေဝဲလာ
လေတော့သည်။ဟော်ဗျာ ဒီကကောင်ပဲလူဆိုးဖြစ်ရပြန်ပြီ။
"ငိုဖို့တော့မစဉ်းစားနဲ့နော် ဂျယ်ယွန်းရှင်းမ်!'
"ဟင့်'
"မနက်စောစောစီးစီး ဘာလို့ငိုနေတာလဲ'
"မကောင်းတဲ့ ပတ်ဆောင်ဟွန်း!
ဟင့် မကောင်းတဲ့ကောင် အင့်'တအီအီငိုချလာသော ဩဇီသားလေးက
အငိုလွန်ပြီး လဲကျလာလို့ဆောင်ဟွန်း
ရင်ခွင်ထဲကွက်တိကိုဖြစ်နေရောပဲ။
ဖက်ထားလိုက်သည်။ဘာမှတော့မပြောဖြစ်ပင်။