"ကိုက မင်းများဘယ်ရောက်သွားလဲလို့'
မနက်စာပြင်နေရင်း အနောက်ကနေ
ခါးကိုဖက်ကာ ပြောလာတဲ့ ပတ်ဆောင်ဟွန်းက
အိပ်ချင်မူးတူးနဲ့ထလာလို့ထင်သည်။
ဆံပင်တွေပွရှုပ်နေပြီး မျက်လုံးက
မပွင့်တပွင့်နဲ့။"ပန်ကိတ်ပဲလုပ်တတ်လို့ ပန်ကိတ်ပဲစားတော့'
ဂျယ်ယွန်းထိုသို့ပြောတော့ ခေါင်းငြိမ့်ကာ
မနက်စာဝိုင်းမှာ၀င်ထိုင်လိုက်တဲ့ ဆောင်ဟွန်း။
ဂျယ်ယွန်းက ကော်ဖီတစ်ခွက်ကိုရှေ့ချပေးပြီး
ပန်ကိတ်အပေါ်ကိုလည်း ပျားရည်အနည်းငယ်
စမ်းကာ ပတ်ဆောင်ဟွန်းရှေ့ချပေးလေတော့
အားရပါးရကိုစားနေလေသော အရူးကောင်။"ကြိုက်လား'
"ပန်ကိတ်ကြိုက်တဲ့ထဲမပါပေမယ့်
ပူတင်းလုံး လုပ်ကျွေးတဲ့ပထမဆုံး
မနက်စာမို့ စားဖြစ်တာပဲ'အကဲတွေသိပ်ပိုပြနေတဲ့ ပတ်ဆောင်ဟွန်းကြောင့်
ဂျယ်ယွန်းသိသိသာသာပင် အကဲပိုလိုက်တာ
ဟုပြောပစ်လိုက်တော့သည်။"ဒီနေ့အလုပ်မသွားဘူးလား'
"အလည်လာတဲ့ဧည့်သည်ကို
ပစ်ထားပြီး အလုပ်တွေသွားနေမိရင်
ရိုင်းရာကျမှာပေါ့ ဩဇီသားလေးကျွန်တော်က
မရိုင်းဘူးဗျ'"အောင်မယ် ဂျယ်ယွန်းရှင်းမ်ပြောပုံက
ကိုကပဲရိုင်းသလိုနဲ့ ကို့တုန်းကမင်းကို
စိတ်မချမလို့မသွားခိုင်းတာပါ ကိုကိုယ်တိုင်
ပို့ပေးဖို့ကျတော့အလုပ်တွေမအားသေးတာနဲ့
မို့လို့ပါဗျာ'"တော်ပါ ပိုတွေပိုတွေ'
နှုတ်ခမ်းလေးတစ်ဆူဆူနဲ့ပြောနေတဲ့
ဂျယ်ယွန်းကိုဆောင်ဟွန်းကတော့ ပြုံးပြုံး
ပြုံးပြုံးနဲ့သာကြည့်နေတော့သည်။"ကဲ သွားမယ်'
မနက်စာစားပြီးတော့ နှစ်ယောက်လုံး
ပြင်ဆင်ပြီး အပြင်သွားဖို့လုပ်နေတုန်း
ဆောင်ဟွန်းကရှေ့ကနေပိတ်ရပ်လိုက်သည်။"ဘာလို့လဲ'
"လက်ကိုလူးဦး'
"ဟမ် လူးရအောင် ဟိုတစ်ခါကလို
လက်ကပွန်းပဲ့ထားတာမှမရှိပဲ'
