"ဘာမှမဖြစ်ဘူး'
လန့်ဖြန့်ကာ လက်ကိုအတင်းရုန်းနေပြန်တဲ့
ဂျယ်ယွန်းကို ဆောင်ဟွန်း အကြည့်ခပ်စူးစူး
ပေးလိုက်တော့ ရုန်းနေတာရပ်ပြီး
လက်ဖဝါးကိုဖြန့်ပြသည်။"ဟင်း ပေါက်တူးသွားကိုင်ပြန်ပြီထင်တယ်'
"မဟုတ်..မဟုတ်ပါဘူး'
"လိမ်မနေနဲ့ ဂျယ်ယွန်းရှင်းမ်
ဘယ်တုန်းကလိမ်လို့ရလို့လဲ'စိတ်ကိုအတင်းလျှော့ချကာ ဆောင်ဟွန်း
ဂျယ်ယွန်းလက်ကိုလွှတ်ပြီး ၀ယ်လာတဲ့အိတ်
တွေဂျယ်ယွန်းရှေ့ကိုယူလာလိုက်သည်။"ဘာတွေလဲ'
ပတ်ဆောင်ဟွန်းက ဂျယ်ယွန်းအမေးကို
လျစ်လျူရှုကာ အိတ်ထဲကနေ
တစ်ခုခုကိုနှိုက်နေသည်။ ထွက်လာသည်က
ဗူးလေးတစ်ဗူး ။အဖုံးလေးက နှင်းဆီပုံစံလေးနဲ့
သိပ်လှတယ်။"လက်ပေး'
အေးတိအေးစက်အမိန့်သံကိုနာခံတတ်တာ
နေသားကျနေသလိုဖြစ်နေပြီမို့ ချက်ချင်းပင်
ဂျယ်ယွန်းလက်ကို ဆောင်ဟွန်းရှေ့တိုးလိုက်သည်။အကြောတွေထင်းနေတဲ့ ဖြူဖြူဖွေးဖွေး
ဆောင်ဟွန်းလက်က ဂျယ်ယွန်းရဲ့လက်ကို
ဆုပ်ကိုင်လိုက်သည်။ပြီးတာနှင့် ခုနကထုတ်
ထားတဲ့ ဗူးလေးကိုလက်တစ်ဖက်ဖြင့်ဖွင့်ကာ
ထိုထဲက ဖြူဖြူအမှုန့်တွေကို အသင့်ပါတဲ့
တို့ဖတ်နဲ့တို့ပြီး ဩဇီသားလေးရဲ့ရဲနေတဲ့
လက်ဖဝါးကိုဖြည်းဖြည်းလေး ပုတ်ပေးရှာသည်။"ဘာ..ဘာအမှုန့်တွေလဲ'
"ဘာအမှုန့်တွေထင်လို့လဲ'
"မွှေးနေလို့ နှင်းဆီအနံ့'
အမှုန့်လေးတွေက သိပ်နုသလိုပဲ အမှုန့်တွေ
ဆိုတာထက် အဖက်သေးသေးနုနုလေးတွေ။"နှင်းဆီနဲ့လုပ်ထားတဲ့ ဆေးတစ်မျိုးပဲ'
"အဲ့တာက ရှိလို့လား ?'
"အင်း မရှိလည်းရှိအောင်လုပ်ပစ်လိုက်တယ်'
စွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ဆောင်ဟွန်းက
ရယ်ပြီးပြောတယ်။ဩဇီသားလေး တစ်ကယ်
နားမလည်နိုင်ဖြစ်သွားတယ်။
ဖြစ်အောင်လုပ်လိုက်တယ် ?? ဘာကိုလဲ ??
