ငိုရလွန်းလို့ ပင်ပန်းမှုနဲ့
ဂျယ်ယွန်းရှင်းမ်တို့အိပ်ပျော်နေမိတာ
မနက် 8 နာရီအထိပါပဲ။'ဟင်း အိပ်နိုင်လိုက်တာ'
အလုပ်သွားရမည်ဖြစ်တဲ့ဆောင်ဟွန်းက
သူ့ရှေ့ကအိပ်နေသေးတဲ့ ဩဇီသားလေးကိုသာ
ဆိုဖာပေါ်ထိုင်ရင်း ခြေထောက်ချိတ်ကာ
နာရီကိုကြည့်လိုက် ညီးလိုက် ဩဇီသားလေး
ထလာမလားတနိုးနိုးနဲ့ သာခပ်ငြိမ်ငြိမ်နေနေ
တော့တယ်။*ဒေါက် ဒေါက်*
ရုတ်တရက်တိတ်ဆိတ်နေတဲ့အခန်းကို
ဆူညံအောင်တံခါးလာခေါက်သံကြောင့်
အိမ်ကြီးရှင်သခင်က မျက်ခုံးကျုံ့သွားကာ
အော်မေးလိုက်မိတော့သည်။"ဘယ်သူလဲ!'
"ကျတော်ပါ သခင်လေး'
အသံကိုကြားတာနဲ့အိမ်တော်ထိန်းယိုမှန်း
ဆောင်ဟွန်းသိသည်။ဟုတ်ပါရဲ့ အိမမတော်ထိန်း
ယိုကိုလည်းသူအပြစ်ပေးရဦးမည်။"အင်း အောက်ထပ်
ဧည့်ခန်းမှာစောင့်နေ'သခင်လေးအမိန့်ရတာနဲ့အိမ်တော်ထိန်းယိုတို့
အောက်ထပ်ကို ခပ်သုတ်သုတ်သာပြေးတော့သည်။ဆောင်ဟွန်း အခန်းထဲကမထွက်ခင်
အိပ်ယာပေါ်က ဩဇီပူတင်းလုံးကို
တစ်ချက်ကြည့်မိတော့ အိပ်ပျော်နေတုန်းမို့
တစ်ချက်ပြုံးကာ အောက်ထပ်ဆင်းလာ
လိုက်သည်။"ကျတော်ပြောခဲ့တယ်မို့လား
ဂျယ်ယွန်းရှင်းမ်ကို သေချာကြည့်ထားဖို့ကို'"ဟုတ်ကဲ့ပြောထားပါတယ် သခင်လေး'
"အင်း အိမ်တော်ထိန်းယို ကို့အပြစ်ကိုသိဖို့
မျှော်လင့်ပါတယ်'"ဟုတ်ကဲ့သခင်လေး'
"ဟိုမှာ'
သခင်လေး ဆောင်ဟွန်း လက်ညှိုးထိုးပြတာက
ခြံ၀န်းထောင့်က မျက်ရိုင်းပင်တွေ။"ဟုတ်ကဲ့သခင်လေး
အဲ့အပင်တွေကိုခုတ်ပစ်ရမလား'"ဘာနဲ့မှမခုတ်နဲ့ လက်နဲ့နှုတ်ပါ
အပင်တွေကနည်းနည်းလေးပဲဟာ
ဒါအိမ်တော်ထိန်းယိုအတွက်အပြစ်ဒဏ်ပဲ
နေ့တစ်၀က်နဲ့သာအပြီးလုပ်ပါ'