"ဘာလို့မျက်စိမှိတ်ထားတာလဲ
ကိုယ်ကမချောလို့လား'ထိုအခါ ဖြူဖြူအိအိဩဇီပူတင်းလုံး လေးက
ခေါင်းခါပြသည်။"ဒါဆိုချောတယ်ပေါ့'
ပတ်ဆောင်ဟွန်းခပ်ညစ်ညစ်မေးတော့
အလှလေးရဲ့မျက်တောင်လှလှလေးတွေ
လှုပ်ခတ်လာကာ ပွင့်လာသည်။"Flirt နေတာလား ?'
"မဟုတ်ဘူး ဩဇီသားလေးကို
မမြင်ဖူးလို့သေချာကြည့်နေတာလို့
ပြောပြီးပြီပဲ'"ဂျယ့်အမြင်တော့ ပတ်ဆောင်ဟွန်းက
Flirt နေတယ်ပဲမြင်တယ်'နာမည်အပြည့်အစုံခေါ်လိုက်တာကြောင့်
ဆောင်ဟွန်းအလိုမကျဖြစ်သွားသည်။
အမှန်ဆို တခြားသူတွေကိုကျနာမည်လှလှလေး
တွေပေးပြီး ဆောင်ဟွန်းကိုကျနာမည်
အပြည့်အစုံကြီးခေါ်နေတာကမမိုက်လိုက်တာ။"ဘာလို့နာမည်အရင်းကြီးခေါ်တာလဲ
တခြားသူတွေကိုကျနာမည်လှလှလေးတွေ
ခေါ်ပြီး'"ပတ်ဆောင်ဟွန်းဆိုတဲ့နာမည်ကမလှလို့ပေါ့'
ဆောင်ဟွန်းတစ်ယောက် ဂျယ်ယွန်းစကားကြောင့် စိတ်တိုမလိုဖြစ်သွားပေမယ့်
ဂျယ်ယွန်းနောက်ထွက်လာတဲ့စကားက..။"မိုက်တာကို..'
အသံတိုးတိုးလေးထွက်လာပေမယ့်
ဩဇီသားလေးနားကပ်နေတဲ့ဆောင်ဟွန်းက
သေချာပေါက်ကြားသည်လေ။"ဒါဆို နာမည်ကမိုက်တာပေါ့'
"အွန်း'
ဆောင်ဟွန်း ဖယ်ပေးလိုက်ပြီး။
"ရပြီ သွားနားတော့'
ထထွက်သွားတဲ့ဂျယ်ယွန်းရဲ့လက်ကို
ဆောင်ဟွန်းလှမ်းဆွဲလိုက်သည်။
သူပြောစရာတစ်ခုကျန်သေးသည်။"ဘာလဲ ဩဇီသားတွေရဲ့လက်ကို
မကိုင်ဘူးလို့လား'ကလေးဆန်ဆန်ဩဇီပူတင်းလုံးလေးရဲ့
စကားကိုဆောင်ဟွန်းရင်ထဲကနေသာ
ရယ်လိုက်သည် အပြင်မှာတော့ခပ်တည်တည်ပင်။"အင်း ဟုတ်တယ်
ဩဇီသားတွေရဲ့တစ်ကိုယ်လုံးကိုထိဖူးချင်တာ'လျှာသပ်ပြရင်းပြောလိုက်တော့
ဆွဲဆောင်မှုရှိတဲ့ဆောင်ဟွန်းရဲ့သွားချွန်ချွန်
လေးကပေါ်လာသည်။ဂျယ်ယွန်းရှက်လွန်းလို့
ပါးတွေတောင်နီလာပြီ သူတစ်ကယ်ကို
ပတ်ဆောင်ဟွန်းကို ကြောက်နေတာလား
ပတ်ဆောင်ဟွန်းကြောင့်ရင်ခုန်မိနေတာ
လားတောင်မသဲကွဲတော့ဘူး။