10

436 65 0
                                    

"ဒါဘယ်လိုမျိုးလုပ်နေကြတာလဲ!'

အစည်းအဝေးခန်းထဲတွင်၀န်ထမ်းများ
ခေါင်းတွေငုံ့ထားကြကာ သူတို့ရဲ့ CEO
ဆူပူကြိမ်းမောင်းတာကို ကုပ်ကုပ်လေးတွေ
ခံနေရရှာသည်။

"ငါမင်းတို့ကိုပြောတာရှင်းရှင်းလေး
ရုံးချုပ်ကိုစာဖိုင်တင်ပြီး ဈေးကွက်ထဲ
ဒီ ပစ္စည်းကိုသွင်းဖို့ပြောတာ အဲ့လောက်တောင်
မင်းတို့ဖို့ ခက်ခဲနေတာလား ဟမ်!'

ရှင်းမ်ဂျယ်ယွန်း စိတ်တိုတိုနဲ့
၀န်ထမ်းတွေအကုန်လုံးကိုဟောက်နေမိတော့သည်။ ဘယ်လိုမလွယ်တာတွေလဲ။
ဈေးကွက်ထဲတင်သွင်းဖို့က အမြန်ဖိုင်တင်ရမှာမို့
မှာထားပါရက်နဲ့ အချိန်စွဲနေတဲ့သူ၀န်ထမ်း
တွေကြောင့်အခုတော့ရုံးချုပ်က ဖိုင်တွေပိတ်ချ
သွားပြီ။ နောက်ထပ်လချီပြီးစောင့်ရဦးမည်။

"အနေကြတာလား မင်းတို့ဖြေကြလေ!'

"တောင်း...တောင်းပန်ပါတယ် သူဌေး
ကျွန်တော်တို့နောက်တစ်ခါ မဖြစ်စေရပါဘူး
သေချာဆင်ခြင်ပါ့မယ်'

"မင်းတို့ပြောလိုက်ရင် ဒီတိုင်းတွေချည်းပဲ
သွားကြတော့!'

၀န်ထမ်းတွေထွက်သွားသည်နှင့်သူလည်း
သူ့ရုံးခန်းကိုပြန်လာကာ ခုံပေါ်မှာထိုင်ပြီး
မျက်လုံးတွေမှိတ်ချထားလိုက်တော့သည်။

အင်းအချိန်တွေက တစ်နှစ်ကျော်ကျော်
တောင်ရှိလာပြီ ဒီကြားထဲဂျယ်ယွန်းဟာလည်း
ပိုပိုပြီးလူကြီးဆန်လာသည် လုပ်ငန်းကိုလည်း
ပိုကိုင်တွယ်တတ်လာပြီး စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်ဖြစ်နေပြီလို့ပြောလို့ရသည်။
မပြောင်းလဲခဲ့တာကတစ်ခုပဲ သူပတ်ဆောင်ဟွန်းကိုချစ်တာလေးတစ်ခု။

*တီ တီ*

တွေးနေရငိးပင် ၀င်လာတဲ့ဖုန်းကြောင့်
ကြည့်မိတော့ အရူးကောင်ရဲ့ဖုန်း တစ်နေ့ကို
ဆယ်ခါပြန်လောက်ခေါ်နေတဲ့အရူးကောင်
အချိန်တွေသာကြာတယ် သူ့မှာမလာနဲ့ဆိုလို့
ဒီကိုလည်းမလာပါပဲ ဖုန်းနဲ့သာအဆက်အသွယ်လုပ်တဲ့ ပတ်ဆောင်ဟွန်း။

"Hello '

"ပူတင်းလုံး ဒီနေ့ကောအဆင်ပြေပြေ
ရှိနေရဲ့လား'

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now