8

497 64 0
                                    

"အိမ်တော်ထိန်းယို သားဂျယ်ယွန်းက
မထသေးတာလား'

မနက်စာဝိုင်းမှာ သခင်လေးဆောင်ဟွန်းရယ်
ပတ်သခင်ကြီးရယ်ကို ကော်ဖီထည့်ပေးနေရင်း
အိမ်တော်ထိန်းယို ပြန်‌ဖြေမလို့လုပ်နေတုန်း။

"ဂျယ်ယွန်းရှင်းမ်က ဒီအချိန်မထသေးဘူး
အိပ်နေတုန်းပဲ'

သားတော်မောင်ရဲ့စကားကြောင့်
ပတ်သခင်ကြီး သူ့လက်ပတ်နာရီကို
ကြည့်မိတော့ ၈နာရီတောင်ကျော်နေပြီ။

"အဲ့လောက်တောင်အိပ်တာလား'

"ကျွန်တော်တို့ထတာကိုကစောနေတာ
မဟုတ်ဘူးလား ဂျယ်ယွန်းရှင်းမ်အိပ်ချိန်က
သာမန်လူတွေရဲ့အိပ်ချိန်ပုံမှန်ပါပဲ'

ပြောသမျှစကားတိုင်းကို ပုတ်ခတ်ပုတ်ခတ်
ပြောလာတဲ့ ပတ်ဆောင်ဟွန်းကို
သခင်ကြီးပတ်အမှုန့်ကြိတ်ချင်လာသည်။

ဖအေကိုမကြည်တယ်ပဲထားပါဦး
ရောက်တာနဲ့‌ဘုကလန့်ပြောစရာလား။

"အလုပ်သွားတော့မှာလား'

ပတ်ဆောင်ဟွန်းခေါင်းသာငြိမ့်လိုက်သည်။

"ဒီနေ့အဖေသွားမယ် စစ်ဆေးချင်တဲ့သဘောပေါ့
သားက သားဂျယ်ယွန်းနိုးရင်
အပြင်ထွက်လည်ဖို့ခေါ်....'

ပြောလို့တောင်မဆုံးသေး လှေကားနား
ရောက်သွားတဲ့ ပတ်ဆောင်ဟွန်းကြောင့်
ပတ်သခင်ကြီး လှမ်းဟောက်ရတော့သည်။

"ဟေ့ကောင် ပြောနေတာမဆုံးသေးဘူးလေ
သွားနှိုးမလို့လုပ်နေတာလား အိပ်ပါစေလေ'

"သေချာတွေးကြည့်တော့လည်း
အိပ်ချိန်ကလွန်နေပြီလားလို့
သွားနှိုးတော့မှာမို့လို့ အဖေကအလုပ်ကို
သွားပါတော့ အိမ်တော်ထိန်းယိုကို
ခေါ်သွားလိုက်ပါ'

‌အမျိုးမျိုးလုပ်နေတဲ့သားတော်မောင်ကြောင့်
ပတ်သခင်ကြီး ပြောစရာပျောက်ကုန်ကာ
စိတ်ကုန်ကုန်နဲ့ အိမ်တော်ထိန်းယိုကိုသာ
ခေါ်ပြီး Company သို့သွားတော့သည်။

ပြန်မလာတာကြာပြီမို့ လမ်းတွေမေ့တတ်တာကြောင့် အိမ်တော်ထိန်းယိုကိုခေါ်သွားရခြင်းပင်။

အိမ်တော်မှာ အလုပ်သမားတွေလည်း
လုပ်စရာရှိတာကိုယ်စီနဲ့လုပ်နေကြပြီး
ဆောင်ဟွန်း လည်း ဂျယ်ယွန်းအခန်းနား
လျှောက်သွားလိုက်သည်။

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now