Accidentally In Love [Bibliophile_Moe]

1.3K 117 1
                                    

Unicode

တိမ်ညိုတွေအုပ်ဆိုင်းလာပြီး ကောင်းကင်မှမိုးစက်လေးတွေ တစ်ပေါက်ချင်း ခုန်ဆင်းလာကြချိန်တွင် Jacketတစ်ခုကိုအတူတူဆောင်းရင်း အမိုးအောက်ကိုပြေး လာကြတဲ့ ချစ်သူနှစ်ဦး။ အမိုးအောက်ကိုရောက်တော့ Taehyung နဖူးစပ်က မိုးရေ စက်အမှုန်အမွှားလေးကို ဖွဖွသုတ်ပေးနေတဲ့ Jungkook။

"ချမ်းနေပြီလား အချစ်"

"မချမ်းပါဘူး မောင်ရယ်"

"အချစ် ချမ်းတယ်ဆိုရင်မောင်ကဖက်ထားပေးမလို့ကို"

"ဟုတ်လား ဒါဆိုချမ်းတယ်"

Jungkookကအသည်းယားစွာရယ်ရင်း Taehyungကိုယ်လေးကိုသူ့ရင်ခွင်ထဲ သိမ်းဖက်ထားလိုက်တော့သည်။

Ok Cut!

Directorရဲ့ Cutအော်သံကြားတာနဲ့ ချက်ချင်းလူချင်းခွာလိုက်ပြီးမထိကောင်း တဲ့အသီးကိုထိမိသလိုအင်္ကျီကိုခါချနေတဲ့Taehyungနဲ့ လက်သန့်ဆေး Spray အထပ် ထပ်ဖြန်းရင်းလက်ဆေးနေတဲ့Jungkook။

ရိုက်ကွင်းပေါ်မှာတော့ ဇာတ်ကောင်အရသိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးလို သရုပ် ဆောင်နေရပေမယ့် တကယ့်လက်တွေ့မှာတော့အချင်းချင်းရန်ဆောင်နေကြတဲ့ ဒိတ် ဒိတ်ကြဲမင်းသားနှစ်ယောက်။ မသင့်မြတ်ကြတဲ့ ခေတ်ပြိုင်နာမည်ကြီးမင်းသားနှစ် ယောက်ဖြစ်သော်လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကိုအတူရိုက်ကူးဖို့ဖြစ်လာတဲ့အခါ

မချစ်သော်လည်းအောင့်ကာနမ်းရတော့သည်။

မင်းသားနှစ်လက်မတည့်ကြဘူးဆိုတဲ့သတင်းတွေကိုချေဖျက်ဖို့ Agencyနှစ်ခု အစီအစဉ်ဖြင့် Jungkookနဲ့Taehyungမှာ အချစ်ဇာတ်ကားတစ်ကားကိုရိုက်ကူးဖို့ ဖြစ် လာခဲ့သည်။ နာမည်အကြီးဆုံးမင်းသားနှစ်လက်ပါဝင်ရိုက်ကူးနေသည့်သတင်းကြောင့် ဇာတ်ကားမှာ မထုတ်လွှင့်ခင်ကပင် ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကိုခံရ သည်။

ရိုက်ဝင်ခန်းတစ်ခုရိုက်အပြီး မင်းသားနှစ်ယောက်အနားကို ပြေးလာကြတဲ့ ကိုယ်ပိုင်မန်နေဂျာနှင့် Stylistများ။

"အဆင်ပြေရဲ့လား Jungkook"

"မေးမှမေးတတ်ပါပေတယ် Yoongi Hyungရယ် သူနဲ့ကကျွန်တော်နဲ့ကဖရဲ သီးနဲ့ဘဲဥလိုပဲ အတူဆုံလိုက်တာနဲ့ အော့အန်သေဆုံးဖြစ်ချင်နေတာ အခုဟာကဆုံရုံ တင်မကဘူး ချစ်သလိုတွေပါလုပ်နေရတာ"

Rain Drops DiaryWhere stories live. Discover now