FRIEND? [Jeon Mora]

413 58 0
                                    

Unicode

ကောင်းကင်တစ်ခုလုံးက အုံ့မှိုင်းနေကာ လေပြေတွေ တိုက်ခတ်နေမှုကြောင့် ဆေးရုံကြီး၏ ဝန်းထဲတွင်ရှိသော သစ်ပင်ကြီးငယ်များက ဟိုဒီယိမ်းနွဲ့နေကြလေသည်။

"မွေးလူနာနှစ်ယောက် ခဏနေခွဲခန်းထဲဝင်ရမှာမို့ အဆင်သင့်ပြင်ထားပါနော်"

အကူnurseလေး၏ အပြောကို သူမတို့နှစ်ယောက်လုံး ခေါင်းငြိမ့်တုန့်ပြန် လိုက်ကြသည်။ ဒီနေ့ဟာ သူမတို့၏ ရင်နှစ်သည်းချာလေးများကို လောကကြီးထံသို့ ခေါ်ဆောင်မည့်နေ့ဖြစ်လေသည်။

မကြာခင်အချိန်တွင်းမှာပဲ မိုးစက်မိုးဖွားကလေးတွေက ကမ္ဘာမြေပြင်ထက်သို့ အလုအယက်ပြေးဆင်းလာကြလေခိုက် သူမတို့နှစ်ဦးလည်း ခွဲခန်းထဲသို့ ဝင်ကြရတော့ သည်။ အမျိုးသားဖြစ်သူတွေက သူမတို့နှင့်အတူ ခွဲခန်းထဲထိဝင်ရောက်ပြီး အင်အား ဖြစ်စေခဲ့တာမို့ သူမတို့၏ ရင်မှဖြစ်သော ရင်သွေးလေးများကို အောင်မြင်စွာပဲ လောက ကြီးသို့ ခေါ်ဆောင်နိုင်ခဲ့လေသည်။

"အူဝဲ အူဝဲ...."

အပြင်လောကကြီးမှ မိုးစက်မိုးပေါက်တွေ၏ အသံနှင့်အပြိုင် ကလေးငယ်နှစ် ယောက်၏ ငိုကြွေးသံဟာ ဆေးရုံထဲတွင် ပျံ့နှံ့လာခဲ့တော့သည်။

၁၀နှစ်ခန့်ကြာသောအခါ......

မိုးဦးအစမို့ မိုးရွာပြီးချင်းမှာပဲ လူငယ်လေးအုပ်စုက ပန်းခြံကလေးတစ်ခု အတွင်းရှိ ဘောလုံးကွင်းဆီကို စုံရုံးချီတက်လာကြလေသည်။

မိုးရွာပြီးကာစမို့ တိမ်ညိုတွေဟာ သိပ်မပြယ်ချင်သေး။ အုံ့မှိုင်းမှိုင်းအချိန်ဖြစ် ကာ လေပြေအေးတစ်ချို့က အရှိန်အနည်းငယ် ပါရုံမျှသာတိုက်ခတ်နေလေသည်။

ဂျောင်ဂုသည် အုံ့မှိုင်းမှိုင်းကောင်းကင်အား တစ်ချက်ငေးကာ

"ရာသီဥတုက လွမ်းချင်စရာကွာ!"

"အခုမှအလယ်တန်းတက်မယ့်ကောင်ကများ ကြီးကြီးကျယ်ကျယ်"

ဂျောင်ဂု၏ ခံစားချက်အပြည့်ဖြင့်ပြောလာသော စကားလုံးတို့အား တနင့် တပိုးပိတ်ဆို့လိုက်သူဟာ နှစ်ယောက်မရှိသော ထယ်ယောင်းပါပင်....

Rain Drops DiaryWhere stories live. Discover now